ကာလကြာရှည် ဇာတ်မြှုပ်နေခဲ့တဲ့ သိုင်းလောက လူမိုက်ကြီး ရှစ်ယောက်ဟာ "သွေးသိုင်းကျမ်း" ရဲ့ သဲလွန်စကိုရပြီး သိုင်းလောကထဲ ပြန်လည်ထွက်ပေါ်လာတာကြောင့် မကောင်းသူတွေလက်ထဲ သိုင်းကျမ်းရောက်ရှိသွားမှာကို စိုးရိမ်တဲ့ လူထူးဆန်း "ရှားအိမိန်" က တပည့်ဖြစ်သူ ကျောက်စိမ်းပလွေ "ရိမိုကွမ်" ကို သိုင်းကျမ်းကို ရှာဖွေဖျက်ဆီးဖို့ စေခိုင်းခဲ့ပါတယ်။
ဒါကြောင့် "ရိမိုကွမ်" တစ်ယောက် သိုင်းလောကထဲဆင်းလာစဥ် သူ့ကိုချစ်နေတဲ့ မြွေကင်းမြီးကောက် အလှမယ် "လင်ကူချူး" နဲ့ တပည့် နှစ်ယောက်ဖြစ်တဲ့ "နီရှောင်ချင်း" နဲ့ "ရဲရှောင်ဟုန်" တိုက ဝိုင်းဝန်းကူညီခဲ့ပါတယ်။
"ရီမိုကွမ်" ကတော့ သူ့ရဲ့ချစ်သူ အနီရောင်မင်းသမီး "ဆွေလိန်ရီ" ရှိနေတဲ့အတွက် "လင်ကူချူး" ကို မိတ်ဆွေလိုပဲ သဘောထားခဲ့ပေမယ့် သူ့ရဲ့ချစ်သူ "ဆွေလိန်ရီ" က "ပျောက်ဆုံးနေတဲ့ခြံဝန်း" ပိုင်ရှင် "စီးကွမ်းဖိန်" ရဲ့ ဒုတိယဇနီး ဖြစ်သွားတဲ့အခါမှာတော့ စိတ်ဓါတ်ကျဆင်းသွားခဲ့ပါတယ်။
အဲဒီနောက် လူမိုက်ကြီး ရှစ်ယောက်မှာ အပါအဝင်ဖြစ်ပေမယ့် ဒုစရိုက်လောကကို စွန့်ခွာလိုသူ မာယာရှင် "ရင်စုမေ" နဲ့ လက်ထပ်ကာ "အေးစိမ့်တောင်ကြား" မှာ သွားရောက် နေထိုင်ခဲ့တာကြောင့် မြွေကင်းမြီးကောက် အလှမယ် "လင်ကူချူး" နဲ့ မာယာရှင် "ရင်စုမေ" တို့ဟာ ဘက်မတူတဲ့ ရန်သူတွေဖြစ်ခဲ့ကြပါတယ်။
ဒါပေမဲ့ သိုင်းလောကအရေးနဲ့ အချစ်ရေး မရောထွေးစေလိုတဲ့ လူထူးဆန်း "ရှားအိမိန်" က သူ့တပည့်ကို ပြန်လည်ခေါ်ဆောင်ပြီး "ဝါးအေးကွင်းပြင်" မှာ အနားယူ ဇာတ်မြှုပ်နေထိုင် စေခဲ့ပါတယ်။
"လင်ကူချူး" နဲ့ "ရင်စုမေ" တို့ဟာ "ရိမိုကွမ်" ကို လိုက်ရှာရင်း နောက်ပိုင်းမှာ အချင်းချင်း နားလည်မှုရသွားခဲ့ကြပြီး "ရိမိုကွမ်"၊ "ရှားအိမိန်" အပါအဝင် အဖြူရောင်ဘက်တော်သားတွေနဲ့အတူ သိုင်းလောကသားတွေကို "သွေးသိုင်းကျမ်း" နဲ့ မျှားပြီး အချင်းချင်းတိုက်ခိုက်သေကြေစေတဲ့ နောက်ကွယ်က လူယုတ်မာကို ဖော်ထုတ်ဖို ကြိုးစားကြတဲ့အခါ ... ။
("တက္ကသိုလ်နေလင်းအောင်" ရဲ့ "အလွမ်းဝင်္ကပါ သိုင်းဝင်္ကပါ"၊ သုံးအုပ်တွဲ သိုင်းစာစဥ်ဟာ "အောင်ရဲလင်း" ရဲ့ "ယူဇနာတစ်ထောင် သိုင်းဥသျောင်"၊ သုံးအုပ်တွဲ သိုင်းစာစဥ်၊ "မိုးကျော်သူ" ရဲ့ "သွေးပင်လယ်"၊ ၄ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။
"အလွမ်းဝင်္ကပါ သိုင်းဝင်္ကပါ" ကို ၁၉၉၇ ခုနှစ်၊ "သွေးပင်လယ်" ကို ၁၉၉၈ ခုနှစ်၊ "ယူဇနာတစ်ထောင် သိုင်းဥသျောင်" ကို ၁၉၉၉ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။)
📚 ၃ အုပ်တွဲ