"ဆန်ယွင်ကျောင်း" က "ရသေ့ကြီး အောချင်း" "မဟာအဓိပတိသိုင်းကျမ်း" ရဲ့ လျှို့ဝှက်မြေပုံကို ရရှိခဲ့ရာက အစပြုလို့ သိုင်းလောကမှာ သွေးချောင်းစီးတိုက်ပွဲတွေ ဖြစ်ခဲ့ရတဲ့ ဒီဇာတ်လမ်းမှာ လောဘသားကောင်တွေဖြစ်ကြတဲ့ ရမ္မက်ကြီးမားသူ ထင်းလုံဂိုဏ်းချုပ်ကြီး "ဆုပေတိုင်"၊ ယုတ်မာကောက်ကျစ်သူ အကြံသမား "ချောင်ရှုး"၊ အချစ်ရဲ့သားကောင်တွေဖြစ်ကြတဲ့ "မာကျင်းဟူ" နဲ့ ပညာသင်ဘက်ညီမ "ရင်ရင်"၊ "အရိပ်မဲ့သိုင်းဒေဝီ ဆုဖုံးဖုံး"၊ ဗျိုင်းဖြူရှင်မလေး "ပိုင်ရင်ဖေး"၊ ရသေ့မလေး "ရိပိန်"၊ ပန်းတရာတောင်ကြားသခင်မလေး "ရှောင်ရက်" နဲ့ "ပုလွေနတ်မယ်" တို့ဟာ ... ။
(တက္ကသိုလ်နေလင်းအောင် ရဲ့ "သိုင်းလောကရဲ့မကိုဋ်ဦးသျှောင်"၊ ၇ အုပ်တွဲ သိုင်းစာစဥ်ရဲ့ အဆက်ဟာ "မကိုဋ်ရောင်ညီး သိုင်းလောင်မီး"၊ ၁၀ အုပ်တွဲ သိုင်းစာစဥ်ဖြစ်ပါတယ်။ "သိုင်းလောကရဲ့မကိုဋ်ဦးသျှောင်" ကို ဖတ်ရှုပြီး "မကိုဋ်ရောင်ညီး သိုင်းလောင်မီး" ကို ဆက်လက်ဖတ်ရှုမှ ပြည့်စုံမှာဖြစ်ပါတယ်။)
📚 ၇ အုပ်တွဲ