"သံမဏိယပ်တောင်ဂိုဏ်း" နဲ့ "နဂါးစိမ်းဂိုဏ်း" တို့ဟာ နယ်ချဲ့ မန်ချူးတွေကို ခုခံတွန်းလှန်နေတဲ့ အဖြူရောင်ဂိုဏ်းတွေ ဖြစ်ကြပြီး အင်အားချင်းမယှဥ်နိုင်တာကြောင့် ပြိုကွဲပျက်စီးသွားခဲ့ပါတယ်။
"သံမဏိယပ်တောင်ဂိုဏ်း" က "စီယင်ကုန်း" နဲ့ "နဂါးစိမ်းဂိုဏ်း" က "စိုရင့်မေ" တို့ ချစ်သူနှစ်ဦးဟာ ကျဆုံးသွားကြတဲ့ သူတို့ဖခင်တွေရဲ့တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့ကြပေမယ့် သူတို့လက်ထက်မှာလည်း မန်ချူးတွေကို မယှဥ်နိုင်ဘဲ ကိုယ်လွတ်ရုန်းပြေးခဲ့ကြရပါတယ်။
နဂါးစိမ်းဂိုဏ်းချုပ် "စိုရင့်မေ" ဟာ ဂိုဏ်းကို ပြန်လည်ထူထောင်ဖို့ အင်အားစုစည်းနေရင်း မျိုးချစ်စိတ်ရှိသူတွေဖြစ်တဲ့ ဝူတန် ဂိုဏ်းသား အဖိုးကြီး "ရှစွန်ချိုင်"၊ မြေးမလေး "ရှချူးချူး" တို့နဲ့ ဆုံတွေ့ခဲ့သလို "မိုးနမ်းတောင်" က "နဂါးလေး" ရဲ့ အကူအညီနဲ့ ဂူတစ်လုံးထဲက "ခွန်လွန်မဟာဓါးသိုင်းကျမ်း"၊ "အကြောပိတ်ပညာကျမ်း" နဲ့ "ကျောက်ခွဲဓါး" တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဲဒီလိုပဲ သံမဏိယပ်တောင်ဂိုဏ်းချုပ် "စီယင်ကုန်း" ဟာလည်း နယ်ချဲ့မန်ချူးကို စင်းကျန်နယ်စားကြီး "လုအော်သန်" နဲ့ ပူးပေါင်း တွန်းလှန်ခဲ့ပေမယ့်လည်း ထပ်မံရှုးနိမ့်ခဲ့တာကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို ကြံစည်ခဲ့စဥ်မှာ ရွှေပုလွေရသေ့ "ဟုန်ရှန်ချင်း" က ကယ်တင်ပြီး တပည့်အဖြစ် ပညာသင်ပေးခဲ့ပါတယ်။
အဲဒီအချိန်မှာ နဂါးစိမ်းဂိုဏ်းချုပ် "စိုရင့်မေ" ဟာလည်း "နဂါးလေး" ရဲ့ ဆရာတွေဖြစ်တဲ့ "လင်းတမောင်နှမ" ထံမှာ ဆက်လက် ပညာသင်ကြားခဲ့ပြီး မမျှော်လင့်ဘဲ တိုက်တိုက်ဆိုင်ဆိုင် "လင်းတမောင်နှမ" နဲ့ ရွှေပုလွေရသေ့ "ဟုန်ရှန်ချင်း" တို့ဟာ အငြိုးကြီးမားကြတဲ့ ပညာပြိုင်ဘက်တွေ ဖြစ်နေတဲ့အခါ "စီယင်ကုန်း" တို့ ချစ်သူနှစ်ဦးဟာလည်း ... ။
📚 ၃ အုပ်တွဲ