မန်ချူးတွေကို ဆန့်ကျင်တော်လှန်နေတဲ့ အမတ်ကြီး "ဝမ်ထင်ကွမ်း" ရဲ့သားဖြစ်သူ စာပေသမားလေး "ဝမ်ယင်ချောင်" ဟာ အရာရာကို တစောက်ကန်းလုပ်တတ်တဲ့ "ယိချူးဖုန်းတောင်ထိပ်" က "မီးအိမ်နီ" ပိုင်ရှင် "လင်ကြူဆရာကြီး" ဆီကို စွန့်စားလာရောက်ကြတဲ့ ထောင်နဲ့ချီတဲ့သိုင်းသမားတွေအထဲက တစ်ယောက်ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ရည်ရွယ်ချက်က တခြားသူတွေလို "လင်ကြူဆရာကြီး" ရဲ့ သမီး "လိပိုင်မေ" နဲ့ လက်ထပ် ထိမ်းမြားပြီး ရတနာပစ္စည်းတွေ၊ သိုင်းကျမ်းတွေ ရယူဖို့မဟုတ်ဘဲ "နက္ခတ်စုံမြိုင် ပထဝီမြေကျမ်း" ရဲ့ လျှိဝှက်ချက်ကို မေးမြန်းချင်လို့ ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ "လင်ကြူဆရာကြီး"က သိုင်းပညာမတတ်တဲ့ စာပေသမား "ဝမ်ယင်ချောင်"ကိုသာ သားမက်အဖြစ်ရွေးချယ်ခဲ့ပြီး သူ့ကိုလာရောက်ရှင်းလင်းသုတ်သင်တဲ့ ဂိုဏ်းကြီး ၈ ဂိုဏ်းက သိုင်းသမားတွေရဲ့ လက်ချက်နဲ့ မသေဆုံးခင်မှာ နှစ် ၁၀၀ အတွင်းအားတွေ လွှဲပြောင်းပေးခဲ့ပါတယ်။
ဒါကြောင့် သိုင်းမတတ်ဘဲ ခွန်အားကြီးလာတဲ့ "ဝမ်ယင်ချောင်" ဟာ "သိုင်းရူးအဘိုးကြီး"၊ "ရင်းဆန်းကွေးမူ"၊ ကျန်လုဂိုဏ်းချုပ် "ရှောင်ယွင်ချင်"၊ "ကိုးနဂါးဆရာကြီး" တို့လို မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ ခေါင်းဆောင်အဖြစ် မန်ချူးတော်လှန်ရေးမှာပါဝင်ရင်း သိုင်းပညာတတ်ခဲ့ပေမယ့် "လိပိုင်မေ"၊ "ဟုန်ဟုန်"၊ "မိဟုန်"၊ "ရှောင်လင်" နဲ့ "ဝမ်စုလွမ်" တို မိန်းမလှ ၅ ယောက်ကြားက မေတ္တာရေးမှာတော့ ... ။
📚 ၅ အုပ်တွဲ