"ရှမ်းထင်း"၊ "ချင်းစိန်" နဲ့ "ဝမ်းရို" တို့ဟာ ရှောင်လင်ကျောင်းမှာ သိုင်းပညာသင်ယူနေကြသူတွေဖြစ်ပြီး စကားမပြောတတ်တဲ့ ဆွံအလူငယ်လေး "ရှမ်းထင်း" က အသက်အငယ်ဆုံး၊ ဝါအနုဆုံးဖြစ်ပေမယ့် "ကြေးရုပ်ဆောင်" ကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။
အကြောင်းကတော့ သူဟာ ဆရာဖြစ်သူ "ခုံးမိန်ဆရာတော်" ရဲ့ သင်ကြားပြသမှုအပြင် ယောဂီဝတ် အမျိုးသမီးကြီး "ဝါးမေ" နဲ့ အကျဥ်းသားအဖိုးကြီး "ကျင်းခုံးလွေ" တို့ရဲ့ တိတ်တဆိတ်သင်ကြားပေးမှုကြောင့် သိုင်းပညာထူးချွန်နေတာ ဖြစ်ပါတယ်။
ရှောင်လင်ကျောင်းက မထွက်ခွာမီမှာ "ရှမ်းထင်း" ဟာ သူ့ကို သိုင်းသင်ပေးခဲ့တဲ့ အကျဥ်းသားအဖိုးကြီး "ကျင်းခုံးလွေ" လွတ်မြောက်ရေးအတွက် သံဖြတ်လွှတွေ ခိုးယူပြီး ကူညီပေးခဲ့ပါတယ်။
ဒီလိုနဲ့ လူငယ်လေး "ရှမ်းထင်း" ဟာ သိုင်းလောကထဲကို တစ်ကိုယ်တော် ဆင်းလာရင်း ငယ်စဥ်က မိဘတွေကို သတ်ဖြတ်သွားတဲ့ မျက်နှာဖုံးစွပ်ရန်သူကို လိုက်လံရှာဖွေတဲ့အခါ ... ။
(ဒီဝတ္တုကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၇၆ ခုနှစ်ထွက် Shaolin Wooden Men ဖြစ်ပါတယ်။ ဇာတ်လိုက် "ရှမ်းထင်း" ရဲ့နေရာမှာ "ဂျက်ကီချန်း" က သရုပ်ဆောင်ထားပါတယ်)
📚 ၂ အုပ်တွဲ