လေလို ထိန်းချုပ်ရ ခက်ခဲပြီး မတရားမှုကို လက်ပိုက်ကြည့်မနေတတ်တဲ့ နာမည်ကျော် ဇာတ်ကောင် "လုံဆင်ပိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"မကောင်းဆိုးဝါးတောင်ကြား" ကို ကြီးစိုးထားတဲ့ သခင်ကြီး "ရှားပုယိ" ရဲ့ လူသတ်သမား ကိုးယောက်ဟာ သူတို့ရဲ့ ကိုယ်ပိုင်သိုင်းပညာနဲ့ ပြန်လည်အသတ်ခံခဲ့ရပြီးနောက် ဆက်တိုက်ဆိုသလိုပဲ သခင်ကြီး "ရှားပုယိ" အတွက် ကံဆိုးမှုတွေ ကျရောက်လာပါတယ်။
သူ့ရဲ့ ကိုယ်ရံတော် "ချိုတိကျွန်း" ဟာ ရုပ်ဖျက် ဟန်ဆောင်ထားတဲ့ ရှူးပြည်နယ် ထန်ဂိုဏ်း ဆဌမသခင်လေး "ထန်ကျန်း" ဖြစ်နေတဲ့အပြင် "ထန်ကျန်း" ရဲ့ မိတ်ဆွေဖြစ်သူ ကြေးစားလူသတ်သမား "စီးမာရှဲ"၊ ဦးခေါင်းသူခိုး "ဝေခုန်းခုန်း"၊ ဟန်ကျိုးနယ် ထန်ဂိုဏ်း သခင်ကြီး "ထန်အဖိုးအို"၊ ထန်အဖိုးအို ရဲ့သား "ထန်ကျူးချမ်"၊ "ထန်ကျူးချမ်" ရဲ့ မိတ်ဆွေ "လုံဆင်ပိ" တို့ "မကောင်းဆိုးဝါးတောင်ကြား" ကို တသီတတန်း ရောက်ရှိလာခဲ့ကြလို့ ဖြစ်ပါတယ်။
တကယ်တော့ ရှူးပြည်နယ် ထန်ဂိုဏ်းမှာ ဂိုဏ်းတွင်းရေး အရှုပ်တော်ပုံများစွာ ဖြစ်ပေါ်နေခဲ့ပြီး ရှူးပြည်နယ် ထန်ဂိုဏ်းသားတစ်ဦးဖြစ်သူ "ထန်ကျီး" က "မကောင်းဆိုးဝါးဂိုဏ်း" ကို ထူထောင်ကာ သိုင်းလောကမှာ စိုးမိုးချယ်လှယ်နေခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် လက်ပိုက်ကြည့်မနေနိုင်တော့တဲ့ ဟန်ကျိုးနယ် ထန်ဂိုဏ်း က "ထန်အဖိုးအို" အပါအဝင် ရှူးပြည်နယ် ထန်ဂိုဏ်း ဆဌမသခင်လေး "ထန်ကျန်း" နဲ့ မိတ်ဆွေအပေါင်းအသင်းတစ်စုက "မကောင်းဆိုးဝါးဂိုဏ်း" ရဲ့ အရေးပါတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ "ရှားပုယိ" ကို လာရောက်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူတို့လူစု "ရှားပုယိ" ကို နှိမ်နင်းနေစဥ်မှာ မကောင်းဆိုးဝါးဂိုဏ်းချုပ် "ထန်ကျီး" က ဟန်ကျိုးနယ် ထန်ဂိုဏ်းကို တိုက်ခိုက်မယ့်သတင်း ထွက်ပေါ်လာတာကြောင့် "ထန်အဖိုးအို" တို့ လူစုဟာ ဟန်ကျိုးနယ်ကို အမြန်ပြန်ခဲ့ကြရပြီး ... ။
📚 လုံးချင်း