သိုင်းလောကမှာ ဘယ်သူ့ကိုမှ အပေါင်းအသင်းမလုပ်တဲ့ ခြေသလုံးအိမ်တိုင် "ဖူဟောင်ရွယ်"၊ "မိစ္ဆာဂိုဏ်း" က မင်းသမီး "ပိုင်ဖိန်း" က မွေးစားခဲ့တယ် ဆိုတာကလွဲလို မိသားစုနောက်ခံအကြောင်း လူသိနည်းလှတဲ့ "ဖူဟောင်ရွယ်"၊ အနက်ရောင် ဓါးမော့တစ်လက်ကို မလွတ်တမ်းဆုပ်ကိုင်ထားလေ့ရှိသူ ခြေတစ်ဖက်ဆာနေတဲ့ ဝက်ရူးပြန်ရောဂါသည် "ဖူဟောင်ရွယ်" ဟာ သူ့ရဲ့ထုံးစံအတိုင်း သိုင်းလောကမှာ အထီးကျန်ဆန်ဆန် ဖြတ်သန်းနေခဲ့ပါတယ်။
အထင်ကြီးစရာ တစ်စက်မှမရှိတဲ့ "ဖူဟောင်ရွယ်" ရဲ့ ပုံတုံးတုံး ဓါးမော့ တစ်ချောင်းဟာ သိုင်းလောက ရဲ့ နံပါတ် ၁ ပြိုင်ဘက်ကင်း လက်နက်အဖြစ် ကျော်ကြားနေခဲ့သလို အဲဒီကျော်ကြားမှုကပဲ သူ့ကို စိန်ခေါ်သူတွေ ဝိုင်းဝိုင်းလည်စေခဲ့ပါတယ်။
"ကျန်းနန်နယ်" က နှင်းဆီရိုင်းဓားပိုင်ရှင် "ယန်နန်ဖေး" ဟာ "ဖူဟောင်ရွယ်" ရဲ့ များစွာသော ရန်သူတွေအထဲက တစ်ယောက်ဖြစ်ပေမယ့် အသက်သေဆုံးစေဖို ရည်ရွယ်ချက်မရှိဘဲ သိုင်းပညာအရ အနိုင်ရရေးကိုသာ ဦးတည်တိုက်ခိုက်လေ့ရှိတာကြောင့် သူတိုနှစ်ဦးရဲ့ ဆက်ဆံရေးဟာ တစ်ခါတစ်ရံမှာ မိတ်ဆွေတွေထက်တောင် လူကောင်းဆန်နေခဲ့ပါသေးတယ်။
"ဖီးနစ်" မြိုလေးမှာ ချိန်းဆိုခဲ့ကြတဲ့ "ဖူဟောင်ရွယ်" နဲ့ "ယန်နန်ဖေး" တိုရဲ့ ဒုတိယအကြိမ် ရင်ဆိုင်ပွဲမှာလည်း "ဖူဟောင်ရွယ်" က "ယန်နန်ဖေး" ကို မသတ်ဘဲ လွှတ်ပေးခဲ့တဲ့အပြင် "ယန်နန်ဖေး" ကို လုပ်ကြံခဲ့တဲ့ ရန်သူတွေရဲ့လက်ကပါ ၃ ကြိမ်တိတိ ကူညီကယ်တင်ပေးခဲ့ပါတယ်။
"ယန်နန်ဖေး" လို စိန်ခေါ်သူပြိုင်ဘက်တစ်ယောက်ကို မသတ်ဘဲ ကူညီပေးခဲ့ရတဲ့အကြောင်းရင်းက "ယန်နန်ဖေး" ရဲ့ဘဝမှာ မပြီးပြတ်သေးတဲ့ဆန္ဒကိုတစ်ခုရှိနေတာကို "ဖူဟောင်ရွယ်" က ရိပ်စားမိခဲ့လို အဲဒီဆန္ဒကို ပြီးပြတ်အောင်လုပ်နိုင်ဖို အချိန်ပေးနေခဲ့တာ ဖြစ်ပါတယ်။
နှစ်ပေါင်း ၄၀ အတွင်း သိုင်းလောကမှာ ပြိုင်ဘက်ကင်း သူရဲကောင်းလို သတ်မှတ်ကြသူ ၄ ဦးပေါ်ထွက်ခဲ့ပြီး သူတိုကတော့ "စင်လုံ"၊ "ဓါးပျံရှောင်လီ"၊ "ရဲ့ခိုင်" နဲ့ "ကုန်းစီးယု" တိုပါပဲ။ "စင်လုံ" ရဲ့ တပည့်ဖြစ်တဲ့ "ကုန်းစီးယု" ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း သိုင်းလောကမှာ ပြိုင်ဘက်မရှိ စိုးမိုးထားနိုင်သူဖြစ်ပေမယ့် သူ့ရဲ့ရုပ်ရည်အမှန်နဲ့ သိုင်းပညာအဆင့်အတန်းကိုတော့ ဘယ်သူမှ တိတိကျကျ မသိကြပါဘူး။
"ယန်နန်ဖေး" ရဲ့ မပြီးပြတ်သေးတဲ့ ဆန္ဒဆိုတာဟာ "ကုန်းစီးယု" ကိုသတ်ဖြတ်ဖိုဖြစ်ကြောင်း "ဖူဟောင်ရွယ်" သိလိုက်ရပြီးတဲ့အချိန်မှာတော့ သူကိုယ်တိုင်ဟာလည်း "ယန်နန်ဖေး" နဲ့အတူ အန္တရာယ်စက်ကွင်းကြားကို ရောက်ရှိနေခဲ့ပါပြီ။
လက်ရှိသိုင်းလောကမှာ "ကုန်းစီးယု" ကို အနိုင်ယူနိုင်မယ့်အရာ ၂ မျိုးပဲရှိပြီး အဲဒါတွေကတော့ "ဒေါင်းမြီးလက်နက်ပုန်း" နဲ့ "ယင်နဲ့ယန်တိုရဲ့ ကောင်ကင်ဘံနဲ့ ငရဲမှတ်တမ်းကျမ်း" တိုဖြစ်တယ်ဆိုတာ "ကုန်းစီးယု" ရော၊ "ယန်နန်ဖေး" ပါ သိရှိကြတဲ့အတွက် အဲဒီ ပစ္စည်း ၂ မျိုးရရှိရေးဟာလည်း နှစ်ဖက်စလုံးအတွက် ကိုယ်စီကိုယ်ငှ အရေးကြီးလာကြပါတယ်။
"ဖူဟောင်ရွယ်" နဲ့ "ယန်နန်ဖေး" တိုဟာ "ကုန်းစီးယု" စေလွှတ်လိုက်တဲ့ လူသတ်သမားအများအပြားရဲ့ရန်က ကာကွယ်တိုက်ခိုက်ရင်း "ဖူဟောင်ရွယ်" တစ်ယောက် "ဒေါင်းစံအိမ်" မြေတိုက်ခန်းမှာ အသက်သေလုနီးပါး ပိတ်မိနေတဲ့အခါ "ယန်နန်ဖေး" က ပြန်လည်ကယ်တင်ပေးခဲ့ရပြီး သူတိုနှစ်ဦးလည်း မိတ်ဆွေရင်းသဖွယ် ဖြစ်လာပါတယ်။
ဒါပေမဲ့လည်း "ကုန်းစီးယု" ရဲ့ ဘက်တော်သားတွေဖြစ်တဲ့ ကောင်းကင်နတ်လင်းယုန် "ကုန်းစွန်းတု"၊ ဓားပျံ "ရှောင်စီဝူး"၊ မိစ္ဆာခေါင်းဖြတ် ဓါးမော့ဘုရင် "မြောင်ကျန်းဝမ်" စတဲ့ လူစုနဲ့ ရင်ဆိုင်တိုက်ပွဲမှာ "ယန်နန်ဖေး" ကို ဆုံးရှုးလိုက်ရပြီးနောက် "ဖူဟောင်ရွယ်" ဟာ "ကုန်းစီးယု" နဲ့ ထိပ်တိုက်ရင်ဆိုင်ရသူနေရာကို အလိုလို ရောက်ရှိလာခဲ့ပါတယ်။
ဘဝတစ်လျောက် "ကွေ့နွန်"၊ "မင်ယွဲစင်း"၊ "ကျိုးယိစင်း" တိုလို မိန်းမလည်၊ မိန်းမပျက်တွေရဲ့ ယုယမှုနဲ့ လှည့်စားမှု၊ အချိုနဲ့ အခါး၊ အကောင်းနဲ့ အဆိုးတွေကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ "ဖူဟောင်ရွယ်" ကို "ကုန်းစီးယု" ရဲ့ ဇနီးဖြစ်တဲ့ "သခင်မကျိုး" က မာယာကွန်ရက်နဲ့ သိမ်းသွင်းနိုင်ဖို ကြိုးစားတဲ့အခါမှာတော့ ... ။
📚 ၃ အုပ်တွဲ