အသက်အရွယ်ကြီးရင့်လာချိန်မှာ လေးဖက်နာရောဂါကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘဲ အနားယူနေရသူ စုံစမ်းထောက်လှမ်းရေးအဖွဲ့အကြီးအကဲ တန်ခိုးရှင် "ဟူ" ဟာ သူအနားယူပြီးနောက် ၃ နှစ်အတွင်းပေါ်ပေါက်လာတဲ့ ရာနဲ့ချီတဲ့ ရာဇဝတ်မှုတွေကို သူ့ကိုယ်စား ဖော်ထုတ်ဖို့ လူငယ်လေး "လျှိုချန်ကျီး" ကို တာဝန်ပေးခဲ့ပါတယ်။
တန်ခိုးရှင် "ဟူ" ရဲ့ သုံးသပ်ချက်အရ ဒီရာဇဝတ်မှုတွေကို ကျူးလွန်သူဟာ သိုင်းလောကအကျော်အမော် နဂါးသခင်ကြီး "ဝူလုံ" ဖြစ်တာကြောင့် "လျှိုချန်ကျီး" လည်း "ဝူလုံ" ကို ဖမ်းဆီးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။
နဂါးသခင်ကြီး "ဝူလုံ" ဟာလည်း သိုင်းလောကမှာ ထင်ရှားလှသူတစ်ဦးဖြစ်ပေမယ့် ထူးဆန်းတဲ့ရောဂါတစ်မျိုးခံစားနေရသူဖြစ်ပြီး အဲဒီသတင်း သိုင်းလောကထဲ ပျံ့နှံ့မသွားအောင် ကြိုးစားထိန်းချုပ်နေခဲ့ရသလို အဲဒီရောဂါကို ကုသနိုင်မယ့်ဆေးဝါးကို ဇနီးဟောင်းဖြစ်သူ အသည်းခွဲဒေဝီ "ချူဟန်းပေါင်" က ခိုးယူထွက်ပြေးသွားတဲ့အခါမှာလည်း ဆေးဘူးပြန်ရဖို့ တိုးတိုးတိတ်တိတ်ပဲ ကြိုးစားနေခဲ့ပါတယ်။
ဆေးဘူးပြန်ယူပေးဖို့ လက်ခုနစ်ချောင်းလူသတ်သမား "တုချီ"၊ မိုးပျံသူခိုး "ကုန်းစွန်းမြောင်"နဲ့ ကျောက်လက်ဝါး "ရှီးကျုံး" တို့ကို နဂါးသခင်ကြီး "ဝူလုံ" က စေခိုင်းတဲ့အခါ အခွင့်အရေးစောင့်ဆိုင်းနေတဲ့ "လျှိုချန်ကျီး" က ကြားဖြတ်ဝင်ရောက်လာခဲ့ပြီး သူတို ၃ ယောက်အစား အဲဒီတာဝန်ကို လက်လွှဲယူခဲ့ပါတယ်။
အဲဒီနောက် တန်ခိုးရှင် "ဟူ" ရဲ့သမီး လမင်းသော်တာ "ဟူယွိအာ" နဲ့ "လျှိုချန်ကျီး" တို့ဟာ နဂါးသခင်ကြီး "ဝူလုံ" ရဲ့ ယုံကြည်မှုကိုရဖို့ ကြံစည်ကြိုးစားခဲ့ကြပြီး အခက်အခဲတွေကြားမှာ အသည်းခွဲဒေဝီ "ချူဟန်းပေါင်" ဆီက ဆေးဘူးကို အရခိုးယူနိုင်ခဲ့ပေမယ့် ဆေးအစား အဆိပ်တွေဖြစ်နေခဲ့သလို တန်ခိုးရှင် "ဟူ"၊ နဂါးသခင်ကြီး "ဝူလုံ" နဲ့ အသည်းခွဲဒေဝီ "ချူဟန်းပေါင်" တို့ကြားက လှည့်ကွက်မျိုးစုံဟာလည်း တဖြည်းဖြည်း ပေါ်ပေါက်လာတဲ့အခါ ... ။
("Hotrod" ရဲ့ "လူသတ်သမားခုနစ်ယောက်" စာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "လမ်းမရှည်အမည်ရှိသောလူ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "လူသတ်သမားခုနစ်ယောက်" ကို စာရေးသူ Hotrod က အင်္ဂလိပ်ဘာသာကတဆင့် ဘာသာပြန်ဆိုပြီး ၂၀၁၄ ခုနှစ်က Myanmar Cupid မှာ တင်ခဲ့တာဖြစ်ပါတယ်။)
📚 လုံးချင်း