ပျင်းပျင်းရှိတာနဲ့ Chat GPT ကို မေးကြည့်မိတယ်။ ကျင်းယုံ Universe မှာ ဘယ်သူ့ သိုင်းပညာက အမြင့်ဆုံးလဲလို့။
သူပြောတာက တုကူးချိုးပိုက်တဲ့။ Chat GPT က ထိပ်သီး ၆ ယောက် ဖော်ပြပေးထားတယ်။
၁။ တုကူးချိုးပိုက်
၂။ ကျမ်းစာစောင့်ဆရာတော်
၃။ ကျန်းစန်းဖုန်း
၄။ ဝမ်ချုံရန်
၅။ ရှောင်ဖုန်း
၆။ ဟွမ်ရှမ်း
သူက God, Legendary, Master, Expert စသဖြင့် Level တွေကိုတော့ ခွဲပြောမထားဘူး။
ဒါပေမဲ့ ကြည့်ရတာ ရှောင်ဖုန်း၊ သွမ်ယိ၊ ရန်ကော်၊ လင့်ဟူချုံး၊ ကျန်းဝူကျိ တို့လို Master Level လို့ သတ်မှတ်လေ့ရှိကြတဲ့ လူငယ်ဇာတ်လိုက်တွေအထဲမှာ ရှောင်ဖုန်း တစ်ယောက်ကိုပဲ မျက်စိထဲ မြင်ပုံရတယ်။
ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ရှောင်ဖုန်း ဖန် ဆိုတော့ ထိပ်သီး ခြောက်ယောက် စာရင်းထဲပါရင်ကို ကျေနပ်ပါတယ်လေ။
#ထွေရာလေးပါးသိုင်းစကား