"သိုင်းလောက Page" က ပုံမှန်တင်ဆက်ပေးနေတဲ့ "ထင်ရှားကျော်ကြား ပုဂ္ဂိုလ်များ" ကဏ္ဍအတွက် ဒီနေ့ဖော်ပြပေးမှာက တရုတ် စာရေးဆရာကြီး "လျှံယုစိမ်း" အကြောင်းဖြစ်ပါတယ်။
သူ့ရဲ့ စာရေးသက်တမ်းတစ်လျောက် စုစုပေါင်း ဝတ္ထု ၃၅ ပုဒ်ကို ရေးသားခဲ့ပြီး "Baifa Monü Zhuan"၊ "Yunhai Yugong Yuan"၊ "Qijian Xia Tianshan" နဲ့ "Pingzong Xiaying Lu" စတဲ့ ဝတ္ထုတွေက ပိုမို လူသိများပါတယ်။
စာရေးဆရာကြီး "လျှံယုစိမ်း" (Liang Yusheng) ရဲ့ အမည်ရင်းက "ချန်းဝမ်ထုံး" (Chen Wentong) ဖြစ်ပါတယ်။
သူ့ကို ၁၉၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်မှာ တရုတ်နိုင်ငံ၊ ကွမ်ရှီးပြည်နယ် (Guangxi)၊ ဝမ်ယွီမြို (Wenyu) မြို၊ ထရွမ်ကျီးရွာ (Tunzhi) မှာ ပညာတတ်မိသားစုက မွေးဖွားခဲ့ပါတယ်။
သူဟာ ငယ်စဥ်ကတည်းက ကဗျာကို ဝါသနာထုံသူဖြစ်တာကြောင့် အသက် ရှစ်နှစ်အရွယ်မှာပဲ ကဗျာ ၃၀၀ ကို ရွတ်ဆိုနိုင်ခဲ့ပြီး အထက်တန်းကျောင်းသားဘဝမှာ ကဗျာတွေ စတင် ရေးခဲ့ပါတယ်။
၁၉၄၈ ခုနှစ်မှာတော့ ကွမ်ကျိုး Lingnan University က နိုင်ငံတကာ စီးပွားရေးဘာသာရပ်နဲ့ ဘွဲရခဲ့ပါတယ်။
၁၉၄၉ ခုနှစ်မှာ Hong Kong ကို ပြောင်းရွှေ့ခဲ့ပြီး Ta Kung Pao သတင်းစာရဲ့ လက်ထောက်အယ်ဒီတာဖြစ်လာခဲ့ပါတယ်။
နောက်ပိုင်းမှာ အယ်ဒီတာအဖြစ် ရာထူးတိုးလာပြီး သတင်းစာ အယ်ဒီတာအဖွဲ့ အမှုဆောင် ကော်မတီဝင်တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
၁၉၅၀ နှောင်းပိုင်းမှာတော့ သူ့ကို New Evening Post ညနေခင်းစာမှာ တာဝန်ပေးအပ်ခဲ့ရာက New Evening Post မှာ အလုပ်လုပ်ရင်း ဝူရှဝတ္ထုတွေ ရေးသားနေတဲ့ "ကျင်းယုံ" (Jin Yong) နဲ့ တွေ့ဆုံခဲ့ပါတယ်။
"လျှံယုစိမ်း" ဝူရှဝတ္ထုတွေ စတင်ရေးဖြစ်ခဲ့တဲ့ အကြောင်းအရင်းကတော့ ဖြစ်ရပ်မှန် တစ်ခုနဲ့ ပတ်သက်နေပါတယ်။
၁၉၅၄ ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်မှာ "ကြိုးကြာဖြူသင်တန်းကျောင်း" (White Crane School) က Chan Hak-fu နဲ့ "ထိုက်ကျိသင်တန်းကျောင်း" (Tai Chi School) က Wu Kung-i တိုရဲ့ စိန်ခေါ်ပွဲဟာ လူအများ စိတ်အဝင်စားဆုံး ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်။
New Evening Post ရဲ့ အယ်ဒီတာချုပ် Luo Fu က အဲဒီပွဲကို အခြေခံပြီး လူအများစိတ်ဝင်စားစေမယ့် ဝတ္ထုတစ်ပုဒ် ရေးသားပေးဖို တောင်းဆိုခဲ့ရာကနေ "လျှံယုစိမ်း" ရဲ့ ပထမဆုံး ဝတ္ထုဖြစ်တဲ့ "Longhu Dou Jinghua" ပေါ်ထွက်လာခဲ့ပါတယ်။
"လျှံယုစိမ်း" ဟာ ဝူရှဝတ္ထုတွေ အပြင် "Liang Hueru"၊ "Fong Yuning" စတဲ့ ကလောင်အမည်တွေနဲ့ အာဘော်၊ ဝေဖန်စာ၊ ဆောင်းပါး စတာတွေကိုလည်း ရေးသားခဲ့ပါတယ်။
၁၉၈၇ ခုနှစ်မှာ မိသားစုနဲ့အတူ သြစတြေးလျနိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ခရစ်ယာန်ဘာသာကို ကူးပြောင်းခဲ့ပါတယ်။
၂၀၀၄ ခုနှစ်မှာ Lingnan University က ပေးအပ်တဲ့ ဂုဏ်ထူးဆောင် ဝိဇ္ဇာပါရဂူဘွဲကို ရရှိခဲ့ပါတယ်။
၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ဟောင်ကောင်မှာ ပြုလုပ်တဲ့ ပွဲတစ်ခုကို သွားတက်နေစဉ် လေဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ အနည်းငယ် သက်သာလာခဲ့ပါပါတယ်။
အသက် ၈၄ နှစ်အရွယ်၊ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှာတော့ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြိုမှာ ကွယ်လွန်ခဲ့ပါတယ်။
#ထင်ရှားကျော်ကြားပုဂ္ဂိုလ်များ
#လျှံယုစိမ်း
#LiangYusheng
#ChenWentong