မိဘမဲ့ လူငယ်လေး "ထျယ်ဖုံး" ဟာ "ဦးလေးရန်" ရဲ့ ကောက်ယူ မွေးစားမှုကြောင့် လူလားမြောက်လာခဲ့ရပြီး "သခင်ကြီး" ဆိုသူရဲ့ အဆိပ်နဲ့ ထိန်းချုပ်စေခိုင်းမှုကို ခံနေရတဲ့ "ဦးလေးရန်" ရဲ့ တာဝန်တွေကို ကူညီထမ်းဆောင်ရင်း ဒုစရိုက်လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲ ထင်ရှားသူတစ်ဦးက "အမှောင်မိစ္ဆာ" အမည်ရှိ မျက်နှာဖုံးစွပ် သိုင်းသမားတစ်ယောက်ဖြစ်ပြီး မိုးကြိုးဓါး "စုလျန်း"၊ ပင့်ကူစံအိမ် သခင် "လွယ်ထုံ"၊ တိမ်ဖြိုလက်သီး "စင်းထုံရန်း"၊ ခြေလှမ်းတစ်ထောင် "ထုစန်း" စတဲ့သိုင်းလောကသားတွေကို လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။
"အမှောင်မိစ္ဆာ" ရဲ့ လုပ်ရပ်တွေ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတဲ့အခါ "ဝူတန်"၊ "ခွန်လွန်"၊ "အော်မေ"၊ "တေလေ" စတဲ့ အဖြူရောင်ဂိုဏ်းကြီးတွေ စုဝေးပြီး အမှောင်မိစ္ဆာကို ဖော်ထုတ်နှိမ်နင်းဖို့ကြိုးစားလာခဲ့ပါတယ်။
တစ်ရက်မှာတော့ "ထျယ်ဖုံး" တစ်ယောက် "သခင်ကြီး" ပေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရင်း ဒဏ်ရာအပြင်းအထန် ရခဲ့တဲ့အတွက် မြူနှင်းနန်းတော် သခင်မလေး "လီဟော်မု" နဲ့ မြူနှင်းနန်းတော်ပိုင်ရှင် သခင်ကြီး "လီစင်းဝူ"၊ သခင်မကြီး "ရီရှင်း" တို့က ကယ်တင်ပေးခဲ့ကြပါတယ်။
ဒီလိုနဲ့ "ထျယ်ဖုံး" ဟာ "မြူနှင်းနန်းတော်" အပေါ် ကျေးဇူးတရားနဲ့ သံယောဇဥ်ဖြစ်လာချိန်မှာ သူ့ကို ကြိုးကိုင်ထားသူ "သခင်ကြီး" က မြူနှင်းနန်းတော်ပိုင်ရှင် သခင်ကြီး "လီစင်းဝူ" နဲ့ သခင်မကြီး "ရီရှင်း" တို့ကို လုပ်ကြံဖို့ တာဝန်ပေးလိုက်တဲ့အခါ ... ။
📚 လုံးချင်း