လယ်သမား "တာ့လူ" ဟာ ဒဏ်ရာနဲ့လဲနေတဲ့ သိုင်းသမားတစ်ယောက်ကို ကယ်တင်မိခဲ့ရာက သူတို့မိသားစု တစ်စုလုံး ကံကြမ္မာဆိုး ဝင်ခဲ့ရပါတယ်။
သူကယ်တင်မိခဲ့သူဟာ "နဂါးနက်" အမည်ရ သိုင်းသမားဆိုးဖြစ်တဲ့အပြင် သိုင်းလောကကို စိုးမိုးဖို့ ကြိုးစားနေသူဖြစ်ကြောင်း "တာ့လူ" သိလိုက်ရတဲ့အချိန်မှာ အရာရာနောက်ကျသွားခဲ့ပြီ ဖြစ်ပါတယ်။
"တာ့လူ" တို့ ဇနီးမောင်နှံ အသတ်ခံခဲ့ရပေမယ့် သားဖြစ်သူ ကလေးငယ်ကတော့ ကံကောင်းထောက်မစွာ အသက်ဘေးက လွတ်မြောက်သွားခဲ့ပြီး တေလေကြီး "ကျင်းလူ" နဲ့ အရှေ့ကျွန်းသခင် "ဝမ်ပ" တို့က မွေးမြူစောင့်ရှောက်ကာ သိုင်းပညာ သင်ပေးခဲ့ပါတယ်။
ကလေးငယ်ကို "တာ့လူ" "ကျင်းလူ" နဲ့ "ဝမ်ပ" တို့ သုံးယောက်အမည်ပါအောင် "တာကျင်းပ" လို့ အမည်ပေးခဲ့ကြပြီး နှစ်ပေါင်း ၂၀ အကြာမှာတော့ "တာကျင်းပ" ဟာ သိုင်းလောကကို စတင် ခြေချလာပါတော့တယ်။
အဲဒီအချိန်မှာ သိုင်းလောကထဲ ထင်ရှားနေသူက အဖြူရောင်သိုင်းလောကမှာ ပညာရှိသိုင်းသမား "ကျင်းရီ" နဲ့ အနက်ရောင်သိုင်းလောကမှာ နဂါးနက်သိုင်းသမား "မုပင်း" တို့ ဖြစ်ပါတယ်။
ပညာရှိသိုင်းသမား "ကျင်းရီ" ရဲ့ သမီး "ကျင်းကျင်း" ကတော့ သိုင်းပညာ ထူးချွန်သူဖြစ်သလို အလွန်ချောမောလှပတဲ့ မိန်းကလေးဖြစ်ပါတယ်။
ဖခင်ဖြစ်သူ "ကျင်းရီ" က သိုင်းပြိုင်ပွဲကျင်းပပြီး အနိုင်ရသူကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်ဖို့ စီစဥ်ခဲ့ပေမယ့် ဘဝလက်တွဲဖော်ကို ကိုယ်တိုင်ရှာဖွေချင်တဲ့ "ကျင်းကျင်း" က လက်မခံဘဲ သိုင်းလောကထဲ ဆင်းလာခဲ့ရာမှာတော့ ... ။
📚 လုံးချင်း