လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က သိုင်းလောကမှာ "ကဝေခြောက်ကောင်" က ထင်ထိုင်းကြဲနေတဲ့အတွက် သိုင်းလောကအဖြူရောင်ဂိုဏ်းကြီးတွေက "နဂါးနန်းတော်" ကို အကူအညီတောင်းခဲ့ပါတယ်။
နဂါးနန်းတော်သခင်ကြီး "ဝမ်ချုံးလန်" ရဲ့သား "ဝမ်လင်ချန်" ဟာ အကူအညီတောင်းမှုကိုလက်ခံပြီး နယ်ခြားမြို့မှာ "ကဝေခြောက်ကောင်" နဲ့ ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ပါတယ်။
ပြိုင်ပွဲအပြီးမှာတော့ နဂါးနန်းတော်ရဲ့ အဖိုးတန်ရတနာဖြစ်တဲ့ "နဂါးမျက်လုံး" နဲ့ "နဂါးပတ်ကျော့ကွင်း" တို့ ပျောက်ဆုံးသွားခဲ့ပြီး "ကဝေခြောက်ကောင်" ဟာလည်း သိုင်းလောကထဲ မဆင်းတော့ဘဲ နယ်ခြားမြို့မှာပဲ နေထိုင်ခဲ့ကြပါတော့တယ်။
နှစ်ပေါင်းများစွာကြာပြီးနောက် စေတနာရှင်သိုင်းသမား "ရီဝန်းချောင်" နဲ့ မြေးမလေး "ရီကျူးကျူး" တို့ဟာ မိတ်ဆွေဟောင်း လေလွင့်စောရ "ချီစန်း" ရှိရာ "နယ်ခြားမြို့" ကို အခြေချနေထိုင်ဖို့ ရောက်လာခဲ့ ကြပါတယ်။
လေလွင့်စောရ "ချီစန်း" မှာ "စွန်းယိလုံ" အမည်ရှိ တပည့်တစ်ဦးရှိပြီး "ချီစန်း" ရော၊ "ရီဝန်းချောင်" ကပါ "စွန်းယိလုံ" ကို သိုင်းပညာသင်ကြားပေးခဲ့ကြပါတယ်။
နှစ်အနည်းငယ် ကြာမြင့်ပြီးနောက် နယ်ခြားမြို့မှာ "သုံးဟိုင်မင်းသား" ရဲ့ "သုံးဟိုင်ပတ္တမြား" နဲ့ "ရတနာသိုက်အညွှန်းကျမ်း" ရှိနေကြောင်း သတင်းတွေ သိုင်းလောကထဲမှာ ရုတ်တရက် ပေါ်ထွက်လာတာကြောင့် လောဘသားတွေ နယ်ခြားမြို့ကို အာရုံစိုက်လာကြပါတယ်။
အဲဒီအချိန်မှာ "ဓါးနက်သခင်" အမည်ရှိ သိုင်းသမားတစ်ယောက်ကလည်း "ကဝေခြောက်ကောင်" ကို "ယန်ကျူးမြို့ သိုင်းပြိုင်ပွဲ" မှာ ဆုံတွေ့ယှဥ်ပြိုင်ဖို့ စိန်ခေါ်လာတဲ့အခါ သိုင်းလောကထဲ ခြေချခွင့်မရှိတော့တဲ့ "ကဝေခြောက်ကောင်" က "စွန်းယိလုံ" ကို တပည့်အဖြစ် ပညာသင်ပေးလိုက်ကြပြီး ... ။
📚 လုံးချင်း