"သက်တန့်ရောင်လက်ဝါး"၊ "ကိုးချက်မြန်ဓါးသိုင်း" နဲ့ "ဖြူစင်အတွင်းအားပညာ" တို့ဟာ သိုင်းလောကသားတိုင်း လိုချင်မက်မောကြတဲ့ ထိပ်တန်းသိုင်းပညာရပ်တွေဖြစ်သလို အဲဒီသိုင်းပညာရပ်တွေကို ကုန်စင်တတ်မြောက်ထားသူ "ဖြူစင်လက်ဝါး အဖိုးအို" ရဲ့ အကြောင်းဟာလည်း သိုင်းလောကရဲ့ လူသိများတဲ့ ဒဏ္ဍာရီ တစ်ခုပါပဲ။
"နှင်းမြူရဲတိုက်" ပိုင်ရှင် "ယန်ဖုံး" နဲ့ "ကုန်းစွန်းတာ" တိုရဲ့သားငယ်လေး "ယန်ရှီမင်" ဟာ ကလေးသဘာဝ ဆော့ကစားရင်း ငှက်ကြီး "အန်းထိ" နဲ့ တွေ့ဆုံခဲ့ရာက ဒဏ္ဍာရီထဲက "ဖြူစင်လက်ဝါး အဖိုးအို" ထံ ရောက်ရှိသွားခဲ့ပြီး ထိပ်တန်းသိုင်းပညာတွေကို လျှို့ဝှက်စွာ သင်ကြားခွင့်ရခဲ့ပါတယ်။
ဒီလိုနဲ့ နှစ်ပေါင်းအတန်ကြာ လျှို့ဝှက်စွာ သင်ကြားခဲ့ပြီးနောက်မှာတော့ အရွယ်ရောက်လာတဲ့ "ယန်ရှီမင်" ဟာ မိဘတွေရဲ့ ဆန္ဒအတိုင်း စာပေပညာရှင်ရွေးချယ်ပွဲမှာ ဝင်ရောက်ဖြေဆိုဖို့ "ချန်အန်းမြို" ကို ခရီးထွက်လာခဲ့ပါတယ်။
လမ်းခရီးမှာ "သူတော်စင်တောင်" က မိန်းကလေး "ရှောင်ဟုန်ကြည်" နဲ့ သိကျွမ်းမိတ်ဆွေဖြစ်ခဲ့ကြသလို အနက်ရောင် "သွေးဘီလူးဂိုဏ်း"ရဲ့ တမန်တော် လူသတ်ဒေဝီ "ရှမ်းရှမ်း" ရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားခဲ့တဲ့ ချန်အန်းသူဌေးကြီး "လင်းချန်" ရဲ့သမီး "လင်းရင်" ကို ကယ်တင်ရင်း "လင်းရင်" နဲ့လည်း မိတ်ဆွေဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ရှောင်လင်၊ ဝူတန် စတဲ့ ထိပ်သီးဂိုဏ်းကြီးတွေကို တိုက်ခိုက်ပြီး သိုင်းလောကကို စိုးမိုးမယ့် "သွေးဘီလူးဂိုဏ်း" ရဲ့ အစီအစဥ်ကို မမျှော်လင့်ဘဲ သိလာရတဲ့အတွက် "ယန်ရှီမင်" ဟာ စာပေပညာရှင်ရွေးချယ်ပွဲကို ကျောခိုင်းပြီး ရှောင်လင်ကျောင်းကို သွားရောက် သတိပေးခဲ့ပါတယ်။
အဲဒီအချိန်ကစလို "ယန်ရှီမင်" တစ်ယောက် "သွေးဘီလူးဂိုဏ်း" ရဲ့ ရန်သူတော်ကြီးအဖြစ် သိုင်းလောကထဲ တစ်စတစ်စ ရောက်ရှိလာခဲ့သလို "အကြောရွှေ့ရုပ်ပြောင်း" သိုင်းပညာကို အသုံးပြုပြီး အသက်ငါးဆယ်အရွယ် ရုပ်ဖျက်ထားတာကြောင့် သူ့ရဲ့ မူလရုပ်သွင်ကို မသိရှိကြဘဲ "ဒဏ္ဍာရီသိုင်းသမား" အဖြစ် နာမည်တစ်လုံးရလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ယန်ရှီမင်" ဟာ သိုင်းလောကကို စိုးမိုးဖို့ လှုပ်ရှားလာတဲ့ "သွေးဘီလူးဂိုဏ်း" နဲ့ "သွေးဘီလူးဂိုဏ်း" ကိုပါ ထပ်မံ လွှမ်းမိုးအုပ်စိုးလာတဲ့ "မီးရေခဲဂိုဏ်း" တိုကို နှိမ်နင်းဖို့ "သွေးဘီလူးဂိုဏ်း"ရဲ့ တမန်တော်ဖြစ်ခဲ့သူ လူသတ်ဒေဝီ "ရှမ်းရှမ်း"၊ "သူတော်စင်တောင်" က မိန်းကလေး "ရှောင်ဟုန်ကြည်" နဲ့ "တိမ်လွှာမာန်နန်းတော်" သခင်မလေး "ချင်လန်ရှင်း" တိုနဲ့အတူ ရင်ဆိုင်ရင်း ... ။
📚 လုံးချင်း