သိုင်းလောက ရဲ့ စော်အကြည်ဆုံး၊ မိန်းမအရှုပ်ဆုံး ဇာတ်လိုက်ကျော်တွေအထဲမှာ "ရှန်ရှောင်လုံ" က ထိပ်ဆုံးက ရှိပါတယ်။
"ကာလယန္တရား" စမ်းသပ်မှုကို ခံယူရင်း လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်၊ ဘီစီ ၂၅၀ လောက်က "စစ်မက်ပြည်ထောင်များခေတ်" ကို ရောက်ရှိသွားခဲ့တဲ့ ဇာတ်လိုက်ကျော် "ရှန်ရှောင်လုံ" ရဲ့ ဇာတ်ကောင်စရိုက်က ရုပ်ချောခြင်း၊ ဉာဏ်ကောင်းခြင်းအပြင် သိုင်းလောကမှာ မိန်းမအများဆုံးလို့ ဆိုရလောက်အောင် အလွန်မြာပွေလွန်းသူ ဖြစ်ပါတယ်။
"၂၁ ရာစုခေတ်" မှာရော၊ "စစ်မက်ပြည်ထောင်များခေတ်" မှာပါ ဒါဇင်နဲ့ချီတဲ့ တစ်ညတာ ချစ်သူ၊ တစ်ခဏတာ ချစ်သူ၊ အပျော်မယား၊ တရားဝင်မယားပေါင်း မြောက်များစွာ "ရှန်ရှောင်လုံ" ပိုင်ဆိုင်ခဲ့ပါတယ်။
"စစ်မက်ပြည်ထောင်များခေတ်" မှာ သန်းနဲ့ချီတဲ့ အမျိုးသားတွေဟာ တိုက်ပွဲတွေမှာ ကျဆုံးကုန်ကြတဲ့အတွက် အမျိုးသမီးဦးရေ အဆမတန်များပြားနေတာကြောင့်လည်း "ရှန်ရှောင်လုံ" တစ်ယောက် အချစ်ရေးမှာ စိတ်တိုင်းကျ နေထိုင်ဖြတ်သန်းခွင့်ရခဲ့တာ ဖြစ်နိုင်ပါတယ်။
"ရှန်ရှောင်လုံ" ရဲ့ အချစ်ရေး အရှုပ်တော်ပုံစာရင်းဟာ ဇနီး ၇ ယောက်ရှိတဲ့ "ဝေရှောင်ပေါင်"၊ "ယိတုယိ"၊ ဇနီး ၅ ယောက်ရှိတဲ့ "ဝမ်ယင်ချောင်"၊ "ပိုင်ရိချိ" တို့ထက် ပိုမိုများပြားပါတယ်။
"ရှန်ရှောင်လုံ" ရဲ့ တစ်ခဏတာ ချစ်သူ၊ တစ်ညတာ ချစ်သူ၊ အပျော်မယား၊ တရားဝင်မယား စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။
🗒 ၂၁ ရာစု၊ "ဟောင်ကောင်" မြို့၊ "ကျားသစ်နက်" စားသောက်ဆိုင်က အလှမယ်၊ ကာလယန္တရားကို မစမ်းသပ်မီ "ရှန်ရှောင်လုံ" နှင့် နောက်ဆုံးအတူအိပ်ခဲ့သူ။
🗒 "ကာလယန္တရား" ကြောင့် "ကျောင်းနိုင်ငံ" ကို ရောက်ရှိသွားပြီးနောက် ပထမဆုံး ဇနီးဖြစ်လာသူ "ပိုးစာတောရွာ" က နှစ်ခုလပ်မိန်းကလေး၊ ဆင်းရဲနွမ်းပါးပြီး ရိုးသားလှသူ၊ "ချင်ဧကရာဇ်" နဲ့ တွေ့ဆုံဖို့ "ရှန်ရှောင်လုံ" ခရီးထွက်ခွာသွားစဥ် နေရစ်ခဲ့၊ နောက်ပိုင်းမှာ အခြားအမျိုးသားတစ်ဦးနဲ့ အိမ်ထောင်ထပ်ပြုသွား။
🗒 "ပိုက်ယီမျိုးနွယ်စု" က အလှဆုံးမိန်းကလေး၊ "ရှန်ရှောင်လုံ" ကို သဘောကျတဲ့အတွက် နောက်ကလိုက်လာပြီး အတူအိပ်ခွင့်ပေးခဲ့။
🗒 "ရှန်ရှောင်လုံ" ရဲ့ ပထမဆုံး အလုပ်ရှင်ဖြစ်သူ "ထောက်ဖန်း" က လက်ဆောင်ပေးထားတဲ့ ပျော်တော်ဆက် မိန်းကလေး၊ ကနဦးမှာ ကိုယ်လုပ်တော်အဆင့်သာ ဖြစ်ပေမယ့် "ရှန်ရှောင်လုံ" အမြတ်နိုးဆုံးမိန်းကလေးတစ်ဦးဖြစ်လာပြီး "ဇနီးမယားအဆင့်" ထားရှိ၊ "ရှန်ရှောင်လုံ" "ကျောင်းနိုင်ငံ" သွားနေစဥ် "ချင်နိုင်ငံ" မှာ လွမ်းဆွတ် ကျန်ရစ်ခဲ့ရာက နာမကျန်းဖြစ်သေဆုံး။
🗒 "ထောက်ဖန်း" က လက်ဆောင်ပေးထားတဲ့ "ယန်နိုင်ငံ" က အပျိုစင် မိန်းကလေး၊ "ရှန်ရှောင်လုံ" အပေါ် ချစ်မြတ်နိုးပေမယ့် ကာလရှည် ပြုစုခွင့်မရဘဲ "ကျောင်းနိုင်ငံ" က အမတ်ကြီး "ကျောင်းမု" ရဲ့ မုဒိမ်းကျင့် ကြိုးနီပတ် သတ်ဖြတ်ခြင်းခံရ။
🗒 "တော်ဝင်ပြည့်တန်ဆာဂေဟာ" က အပျိုစင် မိန်းကလေး၊ မင်းသား "ရှောင်းယွန်" ရဲ့ အတင်း အကျပ် ပျော်တော်ဆက်ရန် စေခိုင်းမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေသွား။
🗒 "ကျောင်းနိုင်ငံ" ဘုရင် "ရှောင်ချန်း" ရဲ့ အစ်မ၊ "ဟန်ထန်းမြို့" က နာမည်ကျော်အလှပဂေး၊ "ချန်ပင်း" တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်ချုပ် "ကျောင်းကွာ့" ရဲ့ ဇနီး၊ သူလျှိုလုပ်ငန်း ကျွမ်းကျင်သူ၊ မင်းသား "ရှောင်းယွန်"၊ "ကျောင်းနိုင်ငံ" က အမတ်ကြီး "ကျောင်းမု"၊ "ဟန်နိုင်ငံ" က အမတ်ကြီး "ဟန်ချောင်း"၊ "ချီနိုင်ငံ" က "ချီယု" စတဲ့ နိုင်ငံစုံက အထက်တန်းလွှာတွေအပါအဝင် ယောက်ကျားအများအပြားနဲ့ ဇာတ်လမ်းရှိခဲ့၊ "ရှန်ရှောင်လုံ" နဲ့ ချစ်ကြိုက်ပြီး အလုပ်များစွာ လုပ်ပေးခဲ့သလို သစ္စာဖောက်မှုလည်း မကြာခဏပြုလုပ်လေ့ရှိ၊ "ဝေနိုင်ငံ" က မင်းသား "ရှင်းလင်" နဲ့ လက်ထပ်သွားပြီးနောက် သံယောဇဥ်မပြတ်ဘဲ "ရှန်ရှောင်လုံ" ရှိရာ "ချင်နိုင်ငံ" ကို လိုက်လာ၊ ဇနီးမယား အဆင့်နီးပါး "ရှန်ရှောင်လုံ" က ချစ်မြတ်နိုး။ နောက်ပိုင်းမှာ နာမကျန်းဖြစ်ပြီး သေဆုံး။
🗒 "ကျောင်းနိုင်ငံ" က အချမ်းသာဆုံး သူဌေးကြီး "ဝူသခင်ကြီး" ရဲ့ မြေး၊ "ဝူစံအိမ်" က "ဝူယင်ယွန်း" ရဲ့ သမီး၊ "ချင်နိုင်ငံ" သွေး တစ်ဝက်ပါသူ၊ "စစ်မက်ပြည်ထောင်များခေတ်" ရောက် "ရှန်ရှောင်လုံ" ကို လူကုံတန် အသိုင်းအဝိုင်းထဲ ရောက်ရှိသွားစေခဲ့တဲ့ ဇနီးမယားတစ်ဦးဖြစ်၊ နောက်ပိုင်းမှာ "ရှန်ရှောင်လုံ" နဲ့အတူ "ချင်နိုင်ငံ" ကို ပြောင်းရွှေ့အခြေချ၊ ဘုရင် "ရင်ကျန်း" ရန်ကြောင့် နယ်ခြားဒေသကို ပြောင်းရွှေ့အခြေချခဲ့ကြတဲ့အထိ ကာလရှည် လက်တွဲခွင့်ရတဲ့ တရားဝင်ဇနီးမယား ဖြစ်။
🗒 "ယွဲ့နိုင်ငံ" သူ အမြွာညီအစ်မ အထဲက အကြီးမ၊ အမတ်ကြီး "ကျောင်းမု" က "ရှန်ရှောင်လုံ" ကို လက်ဆောင်ပေး၊ "ကျောင်းနိုင်ငံ" က "ရှန်ရှောင်လုံ" ထွက်ပြေးသွားပြီးနောက် "ကျောင်းမု" က "ချီနိုင်ငံ" နန်းရင်းဝန် "တျန်းထန်း" ကို လက်ဆောင်ပေးခဲ့ပြန်တဲ့အတွက် "ရှန်ရှောင်လုံ" မြင်းကုန်သည် "တုန်ကောင်း" အဖြစ် "ကျောင်းနိုင်ငံ" ကို ပြန်ရောက်လာစဥ် ကယ်တင်ပေးခဲ့၊ ကိုယ်လုပ်တော်အဖြစ် ချစ်မြတ်နိုးခံရ။
🗒 "ယွဲ့နိုင်ငံ" သူ အမြွာညီအစ်မ အထဲက အငယ်မ၊ အမတ်ကြီး "ကျောင်းမု" က "ရှန်ရှောင်လုံ" ကို လက်ဆောင်ပေး၊ "ကျောင်းနိုင်ငံ" က "ရှန်ရှောင်လုံ" ထွက်ပြေးသွားပြီးနောက် "ကျောင်းမု" က "ချီနိုင်ငံ" နန်းရင်းဝန် "တျန်းထန်း" ကို လက်ဆောင်ပေးခဲ့ပြန်တဲ့အတွက် "ရှန်ရှောင်လုံ" မြင်းကုန်သည် "တုန်ကောင်း" အဖြစ် "ကျောင်းနိုင်ငံ" ကို ပြန်ရောက်လာစဥ် ကယ်တင်ပေးခဲ့၊ ကိုယ်လုပ်တော်အဖြစ် ချစ်မြတ်နိုးခံရ။
🗒 ကျောင်းဘုရင်ရဲ့ ဝမ်းကွဲ နှမ၊ ကျောင်းဗိုလ်ချုပ် "ကျောင်းရှီ" ရဲ့ ချွေးမ၊ ကလေးဆိုးလေး သခင်လေး "ကျောင်းပန်" [နောင်တွင် ချင်ဧကရာဇ်ဖြစ်လာ] ရဲ့ မိခင်၊ သခင်လေး "ကျောင်းပန်" ရဲ့ ဆရာအဖြစ် "ရှန်ရှောင်လုံ" ကို တာဝန်ပေးရင်း ချစ်ကြိုက်ခဲ့၊ အမတ်ကြီး "ကျောင်းမု" က မုဒိမ်းကျင့်၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့။
🗒 "ကျောင်းဘုရင်" နဲ့ အချစ်ဆုံး ကိုယ်လုပ်တော်တစ်ဦးရဲ့သမီး၊ မိခင်ဖြစ်သူက အမတ်ကြီး "ကျောင်းမု" ရဲ့ မုဒိမ်းကျင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့၊ "ဝေနိုင်ငံ" ကို သတို့သမီးအဖြစ် စေလွှတ်ခံရတဲ့အတွက် ခရီးသွားလာရင်း "ရှန်ရှောင်လုံ" နဲ့ ချစ်ကြိုက်ခဲ့၊ "ကျောင်းနိုင်ငံ" ကနေ "ချင်နိုင်ငံ" ကို ထွက်ပြေးရာမှာ "ရှန်ရှောင်လုံ" နဲ့အတူ လိုက်ပါသွား၊ "ရှန်ရှောင်လုံ" ရဲ့ တရားဝင် ဇနီးမယားတွေအထဲက တစ်ဦးဖြစ်လာပေမယ့် ကာလရှည် လက်တွဲခွင့်မရရှာ၊ "ရှန်ရှောင်လုံ" ရဲ့ "ချီနိုင်ငံ" ခရီးစဥ်မှာ လိုက်ပါရင်း "ယန်" ရဲမက်တွေရဲ့ မြားချက်ကြောင့် သေဆုံးခဲ့။
🗒 သခင်မ "ပင်းယန်" လို့ အမည်ရ၊ "ကျောင်းဘုရင်" ရဲ့မရီး၊ "ကျောင်းနိုင်ငံ" က "ပင်းယန်မင်းသား" ရဲ့ဇနီး၊ "ဝေနိုင်ငံ" က လင်းရှင်မင်းသား "ဝူကျိ" ရဲ့ အစ်မ၊ မင်းသား "ရှောင်းယွန်" ရဲ့ မိခင်၊ အကျိုးစီးပွားအတွက် ခန္ဓာကိုယ်ကို အသုံးချဖို့ ဝန်မလေးသူဖြစ်တာကြောင့် "ရှန်ရှောင်လုံ" နဲ့ ပတ်သက်ခဲ့။
🗒 "ယွဲ့နိုင်ငံ" က တော်ဝင်မိသားစုဝင်၊ နက္ခတ်ဗေဒနဲ့ သင်္ချာပညာရှင် "ကျိုးယန်" ရဲ့ မွေးစားသမီး၊ "ချူး နိုင်ငံ" ရဲ့ သိမ်းပိုက်မှုကြောင့် "ယွဲ့နိုင်ငံ" ပျောက်ဆုံးသွားစဥ် "ဝေနိုင်ငံ"၊ "တာ့လျန်မြို့" မှာ နေထိုင်၊ စာပေနှံ့စပ်သလို သိုင်းပညာကျွမ်းကျင်သူဖြစ်၊ လှပမှုနဲ့ ဉာဏ်ပညာထက်မြက်မှုမှာ ကျော်ကြားပြီး ပညာရှိသခင်မအဖြစ် ၇ ပြည်ထောင်လုံးက လေးစားကြ၊ "ဝေနိုင်ငံ" က "ရှန်ရှောင်လုံ" ပြန်လည် ထွက်ပြေးလွတ်မြောက်ဖို့ ကယ်တင်ပေးရင်း သံယောဇဥ်ဖြစ်မိတဲ့အတွက် "ရှန်ရှောင်လုံ" ရှိရာ "ကျောင်းနိုင်ငံ" ကို လိုက်လာ၊ "ရှန်ရှောင်လုံ" ရဲ့ ဇနီးမယားတစ်ဦး ဖြစ်လာပြီးနောက် အကြံဉာဏ်ကောင်းများစွာ အကူအညီပေးခဲ့၊ နောက်ပိုင်းမှာ "ရင်ကျန်း" ရန်ကြောင့် နယ်ခြားဒေသကို ပြောင်းရွှေ့အခြေချခဲ့ကြတဲ့အထိ ကာလရှည် လက်တွဲခွင့်ရတဲ့ တရားဝင်ဇနီးမယား ဖြစ်။
🗒 ဟန်လူမျိုး၊ ၃ ပြည်ထောင်ချစ်ကြည်ရေးစီမံကိန်းအရ "ကျောင်းဘုရင်" နဲ့ လက်ထပ်ခဲ့၊ ကိုယ်ကျိုးစီးပွားအတွက် "ရှန်ရှောင်လုံ" ကို သိမ်းသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဘုရင့်အသိုင်းအဝိုင်း ဆွေမျိုးကြီးဖြစ်တာကြောင့် "ရှန်ရှောင်လုံ" က တတ်နိုင်သမျှ ထိန်းသိမ်းနေထိုင်ခဲ့။
🗒 "ချီနိုင်ငံ" တွေးခေါ်ပညာရှင် "ရှန်းကျင်း" ရဲ့ သမီး၊ "ရှန်းလန်၊ ရှန်းရို" တို့ရဲ့ ညီမ၊ "ကျောင်းနိုင်ငံ" က သိုင်းအဖွဲ့အစည်းအကြီးအကဲ "ကျောင်းပါ့" မွေးစားသမီး၊ ကျောင်းနိုင်ငံ ပထမသိုင်းသမား "လျန်ကျင်း" ရဲ့ချစ်သူဟောင်း၊ "လျန်ကျင်း" ကို "ရှန်ရှောင်လုံ" က သတ်ဖြတ်ခဲ့တာကြောင့် ကနဦးမှာ မုန်းတီးနေခဲ့ပေမယ့် "ရှန်ရှောင်လုံ" အပေါ် မေတ္တာရှိလာပြီး တရားဝင် ဇနီးမယားဖြစ်လာ၊ ဇနီးမယားတွေအထဲမှာ အလွန် ပွင့်လင်းရဲတင်းသူဖြစ်၊ နောက်ပိုင်းမှာ "ရင်ကျန်း" ရန်ကြောင့် နယ်ခြားဒေသကို ပြောင်းရွှေ့အခြေချခဲ့ကြတဲ့အထိ ကာလရှည် လက်တွဲခွင့်ရတဲ့ တရားဝင်ဇနီးမယား ဖြစ်။
🗒 "ချင်နိုင်ငံ" သူ၊ "ချင်ဧကရာဇ်" ဖြစ်လာမယ့် "ရင်ကျန်း" [ရင်ကျန်းအစစ်] ရဲ့ မိခင်၊ "ကျောင်းနိုင်ငံ" မှာ သုံ့ပန်းအဖြစ် အဖမ်းခံထားရစဥ် လွတ်မြောက်ရေးအတွက် အပြန်အလှန်အသုံးချရင်း "ရှန်ရှောင်လုံ" နဲ့ ငြိစွန်းခဲ့ပေမယ့် ဘုရင့်မယ်တော်ဖြစ်တာကြောင့် အလွန်အကျူးမဖြစ်အောင် "ရှန်ရှောင်လုံ" က ထိန်းသိမ်းခဲ့၊ နောက်ပိုင်းမှာ "ချင်မိဖုရားခေါင်ကြီး" ဖြစ်လာပြီး မိန်းမစိုးအတု "လောက်အိုင်" နဲ့ အတူ ပေါင်းသင်းနေထိုင်ခဲ့၊ "လောက်အိုင်" နဲ့ သား ၂ ဦးမွေးဖွားခဲ့ပြီးနောက် "ရင်ကျန်း" [ရင်ကျန်းအတု] က တစ်မိသားစုလုံးကို သတ်ဖြတ်ခဲ့။
🗒 "ချီနိုင်ငံ" တွေးခေါ်ပညာရှင် "ရှန်းကျင်း" ရဲ့ သမီး၊ "ကျောင်းရှီ" ရဲ့အစ်မ၊ "ရှန်ရှောင်လုံ" မြင်းကုန်သည် "တုန်ကောင်း" အဖြစ် "ကျောင်းနိုင်ငံ" ကို ပြန်လာစဥ် "ရှန်းရို" တို့ ညီအစ်မ က ရန်သူတော် "တန်းထျန်း" နဲ့ "ကျောင်းမု" တို့ကို လက်စားချေနိုင်ဖို့အတွက် ချဥ်းကပ်ရင်း "ရှန်ရှောင်လုံ" နဲ့ ငြိစွန်းခဲ့၊ "ရှန်ရှောင်လုံ" တို့ "ကျောင်းမု" ကို ဖမ်းဆီးပြီး "ချင်နိုင်ငံ" ပြန်သွားစဥ် "ရှန်းရို" က "တန်းထျန်း" ကို လုပ်ကြံဖို့နေရစ်ခဲ့၊"ရှန်ရှောင်လုံ" နဲ့ ချစ်သူတွေဖြစ်ပေမယ့် "ရှန်ရှောင်လုံ" က အတင်းအကျပ် မထိန်းချုပ်ရဲတဲ့ တစ်ဦးတည်းသော ဂျစ်ကန်ကန် အမျိုးသမီးဖြစ်၊ နောက်ပိုင်းမှာ "ချီနိုင်ငံ"၊ "လင်ဇီးမြို့တော်" က "ရှီးစီယွန်း" နဲ့ လက်ထပ်ကာ သား ၂ ယောက်မွေးဖွားပြီးမှ "ရှန်ရှောင်လုံ" နဲ့ ပြန်ဆုံ။
🗒 "ချင်နိုင်ငံ" က နာမည်ကျော် အလှပဂေး၊ ငယ်စဥ်က စစ်သူကြီးတစ်ဦးနဲ့ အိမ်ထောင်ပြုခဲ့ပေမယ့် ခင်ပွန်းက လက်ထပ်ပွဲပြီးပြီးချင်း ရှေ့တန်းထွက်သွားရ၊ ရှေ့တန်းမှာ ကျဆုံးသွားတဲ့အတွက် "မုဆိုးမ ချင်းချင်း" လို့အမည်တွင်တဲ့ အပျိုစင်မိန်းကလေးဖြစ်၊ ဉာဏ်ပညာထက်မြက်သူ မိန်းကလေးဖြစ်တာကြောင့် "ရှန်ရှောင်လုံ" နဲ့အတူ "ရင်ကျန်း" (ကျောင်းပန်) ရဲ့ မင်းဆရာဖြစ်လာရင်း ချစ်သူတွေဖြစ်လာကြ၊ အရှက်အကြောက် ကြီးတာကြောင့် "ရှန်ရှောင်လုံ" ကို ဣန္ဒြေဖြင့်သာ ဆက်ဆံလေ့ရှိပြီး "ရှန်ရှောင်လုံ" ရဲ့ တခြားဇနီးတွေကလည်း အစ်မကြီးအဖြစ် လေးစားဆက်ဆံကြ၊ နောက်ပိုင်းမှာ "ရင်ကျန်း" ရန်ကြောင့် နယ်ခြားဒေသကို ပြောင်းရွှေ့အခြေချခဲ့ကြတဲ့အထိ ကာလရှည် လက်တွဲခွင့်ရတဲ့ တရားဝင်ဇနီးမယား ဖြစ်။
🗒 "ချင်နိုင်ငံ" က သခင်ကြီး "ချန်ပင်း၊ ချန်ဝင်း" တို့ရဲ့ ညီမ၊ လူကုံတန် မိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ "မိန်းကလေးသိုင်းသမားအဖွဲ့ ခေါင်းဆောင်၊ "ရှန်ရှောင်လုံ" နဲ့ တရားဝင်ချစ်သူ မဖြစ်သေးခင်မှာ ဆုံးဖြတ်ချက် မပြတ်သားတာကြောင့် "လျူပုဝေ" ဘက်တော်သား ခြေလျင်တပ်မှူး "ကွမ်းကျုံးရှီး" က ရယူသွားခဲ့၊ "လျူပုဝေ" နဲ့ "ရှန်ရှောင်လုံ" တို့ အားပြိုင်ပွဲအတွင်း ဘေးအန္တရာယ်ကင်းရေးအတွက် နှစ်ဘက်လုံးကို လက်မထပ်နိုင်ခဲ့ဘဲ တပ်မှူး "ယန်တွမ့်ဟယ်" နဲ့ လက်ထပ်သွားခဲ့ရ။
🗒 ရန်သူ့လက်က ထွက်ပြေးရင်း "ဝေနိုင်ငံ"၊ "တာ့လျန်မြို့"၊ ဝန်ကြီးတစ်ပါးနေအိမ်က ထင်းသိုလှောင်ရုံအတွင်း ပုန်းခိုနေစဥ် ဆုံတွေ့ခဲ့တဲ့ အစေခံမိန်းကလေး၊ အခန်းတွင်း အမှောင်ထုကြောင့် သူမရဲ့ ချစ်သူ "လျူကျိ" နှင့် လူမှားဆက်ဆံမိရာက ယာယီပတ်သက်ခဲ့သူ။
🗒 မိန်းမလျာ၊ "ဝေနိုင်ငံ" က အိမ်ရှေ့စံ သခင်ကြီး၊ မြင်းရူး "တုန်ကောင်း" အဖြစ် "ကျောင်းနိုင်ငံ" ကို "ရှန်ရှောင်လုံ" ပြန်လာစဥ် "လုံးယန်" က ပိုးပန်းခဲ့၊ လုပ်ကြံမှုတစ်ခုမှာ "လုံးယန်" ရဲ့အသက်ကို ကယ်တင်ပေးခဲ့ပြီးနောက်ပိုင်း "ရှန်ရှောင်လုံ" ကို အကူအညီများစွာပေးခဲ့၊ နိုင်ငံပေါင်းစုံကို "ရှန်ရှောင်လုံ" ထွက်ပြေးနေရစဥ် "လုံးယန်" က မတတ်သာဘဲ ဖမ်းမိဖို့ ကြိုးစားခဲ့ဖူးပေမယ့် အချိန်အများစုမှာ မိတ်ဆွေကောင်းအဖြစ် အကူအညီပေးခဲ့။
🗒 နာမည်ကျော် ပြည့်တန်ဆာမိန်းကလေး၊ "ရှန်ရှောင်လုံ" ကို လုပ်ကြံဖို့ အကောက်ကြံစည်ဖူး၊ "ရှန်ရှောင်လုံ" က အပြစ်မယူဘဲ "ထန်မီးမီး" ကို ထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တာကြောင့် ကျေးဇူးရှင်အဖြစ် အသိအမှတ်ပြု၊ "ရှန်ရှောင်လုံ" နိုင်ငံပေါင်းစုံ လှည့်ပတ်ထွက်ပြေးနေရစဥ် "ဝေနိုင်ငံ"၊ "တာ့လျန်မြို့"၊ ဘုရင့်နန်းတော်ကို ရောက်တုန်း မိဖုရားဖြစ်နေတဲ့ "ထန်မီးမီး" က တတ်စွမ်းသမျှ ကူညီပေးခဲ့၊ နောက်ပိုင်းကာလတွေမှာ "ရှန်ရှောင်လုံ" က ထိန်းထိန်းသိမ်းသိမ်း နေထိုင်လာပြီး လွန်ကျူးမှုမဖြစ်အောင် နေထိုင်ခဲ့။
🗒 "ချူးနိုင်ငံ" ဘုရင် "ရှောင်းလီ" ရဲ့ မိဖုရား၊ နန်းရင်းဝန် "လီယွန်း" ရဲ့ အစ်မ၊ ငယ်စဥ်က ဦးလေးအရင်း "လီကွမ်း" နဲ့ မောင် "လီလင်း" တို့က မုဒိမ်းကျင့်ခဲ့ကြတဲ့အတွက် စိတ်ဒဏ်ရာ ရနေခဲ့သူဖြစ်၊ အရွယ်ရောက်တဲ့အခါ "ချူးနိုင်ငံ"၊ ဟွမ်စီးမင်းသား "ချွန်းရှန်း" ရဲ့ ဇနီးဖြစ်လာခဲ့ပြီး ကိုယ်ဝန်ရလာတဲ့အခါ ဘုရင် "ရှောင်းလီ" ထံဆက်သကာ မိဖုရားဖြစ်စေခဲ့၊ "ချူးနိုင်ငံ" ရဲ့ အာဏာလွန်ဆွဲပွဲမှာ အသုံးချခံဖြစ်ခဲ့ရတဲ့အတွက် စိတ်နာကျည်းမှု ရှိနေခဲ့ပေမယ့် "ချွန်းရှန်း"၊ "လီကွမ်း"၊ "လီလင်း" တို့ကို ရှင်းလင်းပေးနိုင်ခဲ့တဲ့ "ရှန်ရှောင်လုံ" ကို ချဥ်းကပ်ဖို့ ကြိုးစားခဲ့၊ "ရင်ကျန်း" ဧကရာဇ်ဖြစ်လာပြီး "ချူးနိုင်ငံ" ကို သိမ်းပိုက်ပြီးနောက် အဆိပ်သောက်သတ်သေသွား။
🗒 နာမည်ကျော် "ဂန္တဝင်သုံးဖော်" အကအဖွဲ့ရဲ့ ပထမ ကချေသည်၊ "ဝေနိုင်ငံ" ကနေ "ချီနိုင်ငံ" ဘုရင့်မွေးနေ့ပွဲကို ဖျော်ဖြေရေးအသွား "ရှန်ရှောင်လုံ" က မြင်းလှည်းမောင်းသမား "ရှင်းလျန်" အဖြစ် အယောင်ဆောင် လိုက်ပါသွား၊ အကအဖွဲ့အတွင်း နေရာလုမှု၊ အားပြိုင်မှုတွေကို ဝင်ရောက်ဖြေရှင်းပေးရင်း "ရှန်ရှောင်လုံ" တစ်ယောက် အကအဖွဲ့တာဝန်ခံအဖြစ် ရာထူးတိုး၊ ကိုယ်ကျိုးစီးပွားတွေအတွက် အသုံးချဖို့ "ဖန်းဖေး" က ချဥ်းကပ်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စပြုလာတဲ့ "ရှန်ရှောင်လုံ" က အတတ်နိုင်ဆုံး မငြိစွန်းအောင် ရိုးရိုးသားသား နေထိုင်ခဲ့။
🗒 "ဂန္တဝင်သုံးဖော်" အကအဖွဲ့ရဲ့ ဒုတိယ ကချေသည်၊ "ရှန်ရှောင်လုံ" အကအဖွဲ့တာဝန်ခံ "ရှင်းလျန်" အဖြစ်ရှိနေစဥ် အဖွဲ့ခေါင်းဆောင် နေရာလုပွဲအတွက် အသုံးချဖို့ "တုန်ရှုစင်း" က ကြိုးစား၊ နောက်ပိုင်းကာလတွေမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်း စပြုလာတဲ့ "ရှန်ရှောင်လုံ" က အတတ်နိုင်ဆုံး မငြိစွန်းအောင် နေထိုင်ခဲ့။
"ဂန္တဝင်သုံးဖော်" အကအဖွဲ့ရဲ့ ပထမ ကချေသည် ဖန်းဖေး ရဲ့ အခြွေအရံမိန်းကလေး၊ "ရှန်ရှောင်လုံ" ကို ချုပ်ကိုင်နိုင်ရေးအတွက် အတူအိပ်ဖို့ စေလွှတ်ခြင်းခံရသူ၊ "ရှန်ရှောင်လုံ" က ထိန်းထိန်းသိမ်းသိမ်း ပြောင်းလဲနေထိုင်လာပြီး လက်ထပ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် "ဖန်းဖေး" ရဲ့ အကြံအစည်တွေ မအောင်မြင်ခဲ့။
"ရှန်ရှောင်လုံ" ဟာ "စစ်မက်ပြည်ထောင်များခေတ်" ကို ရောက်ရှိလာကာစ နေ့ရက်တွေမှာတော့ စိတ်လွတ်ကိုယ်လွတ် နေ့ထိုင်ခဲ့တာကြောင့် "တွေ့မရှောင်" လို့ တင်စားရလောက်အောင် မိန်းကလေးပေါင်းစုံနဲ့ ဇာတ်လမ်းရှုပ်ခဲ့သူပါ။
တရားဝင် ချစ်သူ၊ တရားဝင် ဇနီးတွေအပြင် "ရှောင်စီး၊ ရှောင်ယု၊ ရှောင်ကျောင်း၊ ရှောင်မေ" စတဲ့ သခင်မ "ကျောင်းယာ" ရဲ့ ရံရွေတော် ၈ ယောက်၊ "ချွေးယင်" စတဲ့ "ဝူထင်းဖန်" ရဲ့ ရံရွှေတော်တွေနဲ့ "ကွေးတုန်၊ ကွေးလု" စတဲ့ "ကျောင်းရှန်" ရဲ့ ရံရွှေတော်တွေလို ချစ်သူ၊ ဇနီးမယား စာရင်းထဲမထည့်နိုင်တဲ့ အပျော်မိန်းကလေးတွေလည်း အများအပြားရှိခဲ့ပါတယ်။
တစ်နေ့တည်း၊ တစ်ညတည်း မိန်းကလေး ၇ ယောက်လောက်နဲ့ အတူတူအိပ်တဲ့အထိ အပျော်ကျူးခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်ခဲ့ပြီး "ယုညံ"၊ "စူးရွှီးကျင်း" စတဲ့ "ဂန္တဝင်သုံးဖော်" အကအဖွဲ့က မိန်းကလေးတွေအပါအဝင် မိန်းကလေး အတော်များများကိုလိမ္မာပါးနပ်စွာ ရှောင်တိမ်းခဲ့ပါတယ်။
#ရှန်ရှောင်လုံရှုပ်လေသမျှ