ဂျပန်စာရေးဆရာ "နိုဘူဟီရို ဝါဆုကီ" ရဲ့ "ယူယိုနိ ကင်ရှင်" စာစဥ်တွဲ၊ စာစဥ် ၂ ဖြစ်တဲ့ "Legend of Kyoto" ကို စာရေးဆရာ Hotrod က "ကျိုတို ဒဏ္ဍာရီ" လို အမည်ပေး ဘာသာပြန်ဆိုထားတာဖြစ်ပါတယ်။
သာမန်အရပ်သားဘဝနဲ့ ငြိမ်သက်နေလို့မရတော့တဲ့ ဟီတိုကိရိ ဘာတူဆိုင်း "ကင်ရှင်" တစ်ယောက် လတ်တလောအခြေကျနေတဲ့ "တိုကျိုမြို့" ကို စွန့်ခွာပြီး "ကျိုတိုမြို့" ကို တစ်ကိုယ်တည်း ခရီးထွက်လာခဲ့ပါတယ်။
သူ့ရဲ့ ဦးတည်ချက်က "မေဂျီ အစိုးရ" ကို တော်လှန်ပုန်ကန်ရေး အကြောင်းပြချက်နဲ့ တရားလက်လွတ် လူသတ်ပြီး အာဏာသိမ်းဖို့ကြံနေတဲ့ ဒုတိယမြောက် ဟီတိုကိရိ ဘာတူဆိုင်း "မာကိုတို ရှီရှီအို" ကို ရင်ဆိုင်ဖို့ ဖြစ်ပါတယ်။
"ကင်ရှင်" ရဲ့နောက်ကို ရဲအရာရှိ "ဖူဂျီတာ ဂုရု" ("ရှင်ဆန်ဘူမီ" အဖွဲ့ တတိယခေါင်းဆောင် "ဆိုင်တို ဟာဂျီမေ") က အားဖြည့်လိုက်ပါလာခဲ့သလို သူ့အပေါ် သံယောဇဥ်ရှိကြတဲ့ မိတ်ဆွေကောင်းတွေဖြစ်တဲ့ "ဆဂါရာ ဆာနိုစကီ"၊ "ယာဟီကို" နဲ့ "ကာအိုရှု" တို့ကလည်း သူတို့နည်း သူတို့ဟန်နဲ့ လိုက်လာခဲ့ကြပါတယ်။
"ကင်ရှင်" ဟာ လမ်းခရီးမှာ "အိုနီဝါဘန်ရှူ" (နင်ဂျာ) ဂိုဏ်းချုပ်ဟောင်းရဲ့ သမီး "မတ်ကာမတ်ချီ မီဆောင်" နဲ့ ရင်းနှီးသိကျွမ်းမိရာက "ကျိုတိုမြို့" မှာ "ဧရိုရာ" တည်းခိုခန်းဖွင့်ပြီး ဇာတ်မြှုပ်နေထိုင်ကြတဲ့ "အိုနီဝါဘန်ရှူ" အဖွဲသားဟောင်း "အိုကီနာ" တို့လူစုနဲ့ မိတ်ဆွေတွေဖြစ်သွားခဲ့ပါတယ်။
တကယ်တမ်း "မာကိုတို ရှီရှီအို" နဲ့ ရင်ဆိုင်ရာမှာတော့ လူမသတ်တော့ဘူးလို့ သန္နိဌာန်ချထားတဲ့ "ကင်ရှင်" အတွက် ထင်သလောက်မလွယ်ကူခဲ့ပါဘူး။
တိုက်ပွဲမှာ ထက်ပိုင်းကျိုးသွားခဲ့တဲ့ "အသွားပြောင်းပြန်ဓါး" အတွက် နာမည်ကျော် ပန်းပဲဆရာကြီး "အာရိုင် ရှက်ကု" နောက်ဆုံးသွန်းလုပ်ခဲ့တဲ့ "အသွားပြောင်းပြန်ဓါး" တစ်လက်ကို အစားပြန်ရခဲ့ပေမယ့် မပြည့်စုံသေးတဲ့ သိုင်းပညာအတွက်တော့ ဆရာဖြစ်သူ "ဟိုက်ကု စေဂျီရု" ["ဟိုက်တန်မစ်ဆူရာဂီ"(နဂါးဓါးသိုင်း) ကို အဆင့်ကုန်တတ်မြောက်ထားသော ဂိုဏ်းချုပ်ကြီး] "နီအိဆု ကာကူနိုရှင်" ဆီမှာ ပညာဆက်လက်သင်ကြားရပါတော့တယ်။
တဖက်မှာလည်း "မာကိုတို ရှီရှီအို" ဟာ သူ့ရဲ့ အာဏာသိမ်းအကြံအစည်ကို အကောင်အထည်ဖော်ဖိုအတွက် "ဂျူပွန် ဂတ်တန" (လက်ရွေးစင်တပ်ဖွဲ့) အဖွဲ့ဝင်တွေကို စုစည်းနေခဲ့ပြီး "အီဒိုရဲတိုက်" ဖြစ်စဥ်မှာ "ကင်ရှင်" နဲ့ယှဥ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ "အိုနီဝါဘန်ရှူ" ခေါင်းဆောင်ဟောင်း "ရှင်နိုမိုရီ အာအိုရှီ" ကလည်း "မာကိုတို ရှီရှီအို" နဲ့ သွားရောက်ပူးပေါင်းခဲ့ပါတယ်။
"အိုကီနာ" ဦးဆောင်တဲ့ "ကျိုတိုမြို့" က "အိုနီဝါဘန်ရှူ" အဖွဲဝင်တွေဟာ "ကင်ရှင်" ကို ထောက်ခံဝန်းရံခဲ့ကြပေမယ့် "မာကိုတို ရှီရှီအို" နဲ့ပူးပေါင်းနေတဲ့ "ရှင်နိုမိုရီ အာအိုရှီ" ကတော့ "အိုနီဝါဘန်ရှူအဖွဲ့" ကို သစ္စာ ဖောက်ပြီး ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် "အိုကီနာ" ရှုံးနိမ့်သွားခဲ့ပြီး "မီဆောင်" က "အိုကာရှီယာ" (ဂိုဏ်းချုပ်) ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် "မာကိုတို ရှီရှီအို" ဟာ "ကျိုတိုမြို့" ကို မီးလောင်တိုက်သွင်းရင်း တပြိုင်နက်တည်းမှာပဲ "မေဂျီအစိုးရ" ရုံးစိုက်ရာ "တိုကျိုမြို့" ကို ရေကြောင်းက တိုက်ခိုက်ဖို စီစဥ်တဲ့အခါ ... ။
📚 အတွဲ ၂