"မင်" မင်းဆက်ခေတ်က ရေးသားခဲ့တဲ့ "လျှိုကွမ်းကျုံး" (Luo Guanzhong)ရဲ့ ဝတ္ထုရှည်တစ်ပုဒ်ဖြစ်တဲ့ "သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ" ဟာ အကျော်ကြားဆုံး တရုတ်ဂန္ထဝင်ဝတ္တုကြီး ၄ ပုဒ် ဖြစ်တဲ့ "အနောက်ဘက်သို ခရီးသွား မှတ်တမ်း"၊ "စိမ့်တောမြေမှ ဇာတ်လမ်း (သို) စိမ့်တောမြေမှ ဝရမ်းပြေးများ"နဲ့ "ခန်းဆောင်နီအိပ်မက်" တို့ထဲက တစ်ပုဒ် ဖြစ်ပါတယ်။
"သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ" (Romance of the Three Kingdoms) ဟာ တရုတ်နိုင်ငံမှာ "ဟန်မင်းဆက်" (Han Dynasty) စတင် ပြိုကွဲချိန်ကနေ "ကျင့်မင်းဆက်" (Jin Dynasty) စတင်ထူထောင်ချိန် (အေဒီ ၂၂၀ မှ အေဒီ၂၈၀) အတွင်း "ဝေ" (Wei)၊ "ရှု" (Shu)၊ "ဝူ" (Wu) ဆိုတဲ့ အဓိက နယ်မြေသုံးပိုင်း ကွဲထွက်ပြီး အသီးသီး အုပ်စိုးမင်းလုပ်ခဲ့တဲ့ အဖြစ်အပျက်တွေအကြောင်း ရေးသားထားတဲ့ ဖြစ်ရပ်မှန်အခြေခံတဲ့ ဝတ္ထုရှည်ကြီးပါ။
(တကယ်တော့ သုံးပြည်ထောင်ခေတ်ဟာ တရုတ်သမိုင်းမှာ သွေးချောင်းအစီးဆုံးခေတ်ဖြစ်ခဲ့ပြီး စစ်မဖြစ်ခင်က နိုင်ငံအတွင်းမှာ လူဦးရေ ၅၆ သန်းကျော်နဲ့ အိမ်ခြေ ၁၀ သန်းကျော် ရှိခဲ့ရာက သုံးပြည်ထောင်ခေတ်အပြီးမှာတော့ လူဦးရေ ၁၆ သန်းကျော်နဲ့ အိမ်ခြေ ၂ သန်းကျော်ပဲ ကျန်ရှိခဲ့တာကြောင့် သုံးပြည်ထောင်စစ်ပွဲအတွင်း သေဆုံးသူ သန်း ၄၀ ကျော် ရှိခဲ့တာဖြစ်ပါတယ်။)
သုံးပြည်ထောင်ခေတ်ကို အခြေခံပြီး ပြဇာတ်၊ ပုံပြင်၊ ဝတ္ထုရှည်၊ ရုပ်ရှင်၊ ရုပ်သံဇာတ်လမ်းတွဲတွေအများအပြား ထွက်ရှိခဲ့သလို ဗီဒီယိုဂိမ်းတွေလည်း ထွက်ရှိခဲ့ပါတယ်။
သုံးပြည်ထောင်ခေတ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀ လောက်ရှိပေမယ့် လူသိအများဆုံးကတော့ ၂၀၀၈ ခုနှစ်ထွက် Red Cliff ရုပ်ရှင်ကားနဲ့ ၂၀၁၀ ပြည့်နှစ်ထွက် Three Kingdoms ရုပ်သံဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။
"Red Cliff" ရုပ်ရှင်ကားက သုံးပြည်ထောင်ခေတ် တိုက်ပွဲတွေများစွာအထဲက "ကမ်းပါးနီတိုက်ပွဲ" အကြောင်းကို အဓိကအသားပေး ရိုက်ကူးထားတာဖြစ်ပြီး "Three Kingdoms" ရုပ်သံဇာတ်လမ်းတွဲ ကတော့ "ဝေ" နိုင်ငံ ခေါင်းဆောင် "ချောင်ချောင်"၊ "ရှု" နိုင်ငံခေါင်းဆောင် "လျှိုပေ့"၊ "ဝူ" နိုင်ငံခေါင်းဆောင် "ဆန်ကွမ်း" တို့အပါအဝင် သမိုင်းကြောင်းတစ်ခုလုံးကို အသေးစိတ် ရိုက်ကူးထားတာဖြစ်ပါတယ်။
အခု တင်ပေးထားတဲ့ "သုံးပြည်ထောင်ခေတ်ဇာတ်လမ်းများ" (Romance of the Three Kingdoms) ကတော့ Anime & History Page က မြန်မာဘာသာပြန် တင်ဆက်ပေးထားတာဖြစ်ပါတယ်။
📚 လုံးချင်း