တစ်ကောင်ကြွက် ကလေးငယ် "ရှောင်ဖုန်း" ဟာ ကလေးတွေကို နှိပ်စက်ခိုင်းစေနေတဲ့ "လက်ရှစ်ချောင်း သူတော်" ရဲ့လက်ထဲက ထွက်ပြေးလွတ်မြောက်လာခဲ့ပြီးနောက် "နှင်းပန်းကျေးရွာ" ပိုင်ရှင် "ဝမ်ကုန်းလင်" က သားအဖြစ် မွေးစားခဲ့တဲ့အတွက် "ဝမ်ယွင်"၊ "ထန်မုစွမ်း" စတဲ့ မောင်နှမ ၇ ယောက်နဲ့အတူ သိုင်းပညာနဲ့ စာပေပညာ စတင် သင်ယူခဲ့ပါတယ်။
အဲဒီနောက် ရန်သူဟောင်း "ဝိညာဥ်နှုတ်ဒေဝီ" ရဲ့ လက်ချက်နဲ့ "ဝမ်းကုန်းလင်" တို သေဆုံးသွားတဲ့အခါ "ဝိညာဥ်နှုတ်ဒေဝီ" က "ရှောင်ဖုန်း" ကို သားတပည့်အဖြစ် ခေါ်ဆောင်မွေးစားခဲ့သလို "ဝိညာဥ်နှုတ်ဒေဝီ" ထံကတဆင့် "ကျိယန် ကိုယ်တော်" က "ရှောင်လင်ကျောင်း" ကို ခေါ်ဆောင်သွားခဲ့တဲ့အတွက် အပယ်ခံ အဖိုးအို "လျှံဟူထိုက်" ရဲ့ တပည့်ဖြစ်လာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ဆရာ ၃ ယောက်ထံက အဆင့်မြင့်သိုင်းပညာတွေ သင်ယူတတ်မြောက်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ "ဝမ်းကုန်းလင်" ကို "ဝိညာဥ်နှုတ်ဒေဝီ" က လာရောက်တိုက်ခိုက်စဥ် ထွက်ပြေးခဲ့ကြတဲ့ ကလေးတွေအထဲက "ဝမ်ယွင်" က ငွေဓါးရှင် "ထုန်စမ်းဝေ" ဆီကို ရောက်ရှိသွားခဲ့ပြီး "ထန်မုစွမ်း" က "ကြောင်ဘီလူးဓါးပြ အဖွဲ" ခေါင်းဆောင် "ဝါးလိန် " ဆီ ရောက်ရှိသွားခဲ့ကြကာ အသီးသီး သိုင်းပညာ သင်ကြားခဲ့ကြပါတယ်။
၁၀ နှစ်ခန့်ကြာပြီးနောက် "ရှောင်ဖုန်း"၊ "ဝမ်ယွင်" နဲ့ "ထန်မုစွမ်း" တိုဟာ သိုင်းလောကထဲကို ဆင်းလာကြပြီး "ရှောင်ဖုန်း" ဟာ "ဝိညာဥ်နှုတ်ဒေဝီ" ရဲ့ သူလျှိဖြစ်တယ်လို အထင်မှားနေကြတဲ့ "ဝမ်းယွင်" နဲ့ "ထန်မုစွမ်း" တိုက မိဘတွေအတွက် လက်စားချေဖို လိုက်ရှာနေကြစဥ် "ရှောင်ဖုန်း" နဲ့ ဆုံတွေ့ခဲ့ပေမယ့် ငယ်ရုပ်ကို သေချာ မမှတ်မိကြတဲ့အတွက် ရင်ဆိုင်တိုက်ခိုက်မှုတွေ မဖြစ်ခဲ့ကြပါဘူး။
ဆရာဖြစ်သူ "အပယ်ခံအဖိုးအို" ရဲ့ ပြောကြားချက်အရ သူဟာ နှလုံးဖြူ "လျှူကျင်းလျံ" နဲ့ ရွှေလိပ်ပြာ အဆိပ်မယ် "ကျင်းကျင်း" တိုရဲ့သားမှန်း သိလာခဲ့တဲ့ "ရှောင်ဖုန်း" တစ်ယောက် ၄ ယောက်မြောက် ဆရာဖြစ်တဲ့ တောင်ပိုင်းသခင် "လုံပါကျင်" ထံမှာ ထပ်မံ တပည့်ခံကာ သိုင်းပညာသင်ကြားရင်း "ရတနာသစ်သီး" အစွမ်းကြောင့် အတွင်းအားတွေ တိုးပွားလာခဲ့ပါတယ်။
အဲဒီနောက် "ရှောင်ဖုန်း" ဟာ "ကွေ့တစ်ထောင်တောင်ကြား" က ပန်းလိပ်ပြာ "ထန်ရင်မေ" နဲ့ သိကျွမ်းခဲ့ရာက "လိပ်ပြာမယ်တော်" ရဲ့ မွေးစားသားဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ "လိပ်ပြာမယ်တော်" ဟာ သူ့ရဲ့ မိခင်ရင်း ရွှေလိပ်ပြာအဆိပ်မယ် "ကျင်းကျင်း" ဖြစ်ကြောင်းနဲ့ သိုင်းလောကကို ဒုက္ခပေးနေတဲ့ "သေမင်းတမန်ဂိုဏ်းချုပ်" ဟာ သူတိုမိသားစုရဲ့ ရန်သူဟောင်းဖြစ်တဲ့ နတ်မိမယ် "အိချင်း" ဖြစ်ကြောင်း သိလာရပါတယ်။
အဲဒီအချိန်မှာ "သေမင်းတမန်ဂိုဏ်း" ဟာ သိုင်းလောကကို စိုးမိုးဖို့ "ခိုင်ဖုံးမြိုစား" နဲ့ ပူးပေါင်းကာ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်လာသလို အဖြူရောင်သိုင်းသမားတွေကလည်း "သေမင်းတမန်ဂိုဏ်း" ကို ဖြိုခွဲဖိုအတွက် "သိုင်းလောက ကယ်တင်ရှင်အဖွဲ" ကို ဖွဲစည်းထားကြပြီး "ရှောင်ဖုန်း" ဟာလည်း အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် "သိုင်းလောက ကယ်တင်ရှင်အဖွဲ" ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အဖြူရောင်စေတမန် "ကျိလိန်ကျဲ"၊ မကောင်းမှုတွေကို စွန့်လွှတ်လိုက်တဲ့ "ကြောင်ဘီလူးဓါးပြအဖွဲ" ခေါင်းဆောင် "ဝါးလိန် "၊ "ကွေ့တစ်ထောင်တောင်ကြား" မှာ ဇာတ်မြှုပ်နေခဲ့တဲ့ ရွှေလိပ်ပြာအဆိပ်မယ် "ကျင်းကျင်း" တို ပူးပေါင်း အဖွဲနဲ့ ဧကရာဇ်ဘုရင် ဖြစ်ချင်နေတဲ့ "ခိုင်ဖုံးမြိုစား"၊ သိုင်းလောကဘုရင် ဖြစ်ချင်နေတဲ့ "သေမင်းတမန်ဂိုဏ်းချုပ်" တို့ ပူးပေါင်းအဖွဲ့ ရင်ဆိုင်မိတဲ့အခါ ... ။
📚 ၃ အုပ်တွဲ