"ရှောင်လင်"၊ "ဝူတန်း"၊ "ခုံးလွှမ်း" နဲ့ "ထိုက်ကျိ" ဂိုဏ်း၄ ဂိုဏ်းက သိုင်းပညာတွေပါဝင်တဲ့ "စာပဒေသာသိုင်းကျမ်း" ကို "ရှောင်လင်မြွေဆိုး" လို ဘွဲအမည်ရသူ သိုင်းသမားကြီး "စစ်ဖန်း" က ထိန်းသိမ်းစောင့်ရှောက်ထားခဲ့ပါတယ်။
မိဘမဲ့လူငယ်လေး "ကျိုးကျင့်" ကတော့ "ရှောင်လင်မြွေဆိုး" ရဲ့ စံအိမ်မှာ "မြင်းထိန်း" အဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး သိုင်းပညာကို အလွန်ဝါသနာပါတာကြောင့် "ရှောင်လင်မြွေဆိုး" ရဲ့ လေ့ကျင့်မှုကို ခိုးဝှက်ကြည့်ရှုရင်း လေ့လာသင်ယူခဲ့ပါတယ်။
တစ်ရက်မှာတော့ "ရှောင်လင်မြွေဆိုး" ရဲ့ ဒုတိယတပည့် "ဝမ်းရိ" နဲ့ တတိယတပည့် လင်းယုန်သိုင်းသမား "ရန်းလုံ" တိုက ပထမတပည့် "သံမဏိနဂါး" ကို လုပ်ကြံသတ်ဖြတ်ပြီး နေရာလုယူခဲ့ကြတာကို "ကျိုးကျင့်" က တွေ့မြင်သွားခဲ့ပါတယ်။
တဖြည်းဖြည်း အတင့်ရဲလာတဲ့ "ရန်းလုံ" ဟာ "ဝမ်းရိ" ကိုလည်း ရှင်းလင်းသတ်ဖြတ်ခဲ့တဲ့အပြင် ဆရာဖြစ်သူ "ရှောင်လင်မြွေဆိုး" ကိုပါ အဆိပ်နဲ့လုပ်ကြံပြီး "စာပဒေသာသိုင်းကျမ်း" ကို အပိုင်စီးဖို ကြိုးစားခဲ့ပါတယ်။
အဆိပ်ကြောင့် သေအံ့ဆဲဆဲ ဖြစ်နေတဲ့ "ရှောင်လင်မြွေဆိုး" ဟာ "ကျိုးကျင့်" ကို "စာပဒေသာသိုင်းကျမ်း" နဲ့အတူ ထွက်ပြေးစေခဲ့ပေမယ့် လင်းယုန်သိုင်းသမား "ရန်းလုံ" က လုပ်ကြံသတ်ဖြတ်မှုအားလုံးကို "ကျိုးကျင့်" အပေါ် အပြစ်ပုံချခဲ့တဲ့အခါ ... ။
📚 လုံးချင်း