"ကြူဟီးမြို့" က သူဌေးကြီး "ရှောင်လီ" ရဲ့သား "ရှောင်ပင်း" ဟာ သိုင်းပညာသင်ကြားဖို့ ဦးလေးဖြစ်သူ "ရှောင်စုဖုံး" ထံလာရင်း လမ်းခရီးက သင်္ချိုင်းထဲမှာ ထူးဆန်းတဲ့ စိတ်ဝေဒနာရှင် မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။
"ရှောင်ပင်း" ဟာ ဦးလေးဖြစ်သူထံက သိုင်းပညာကို မယ်မယ်ရရ မသင်ရသေးခင်မှာပဲ "ရှောင်စုဖုံး" တစ်ယောက် မိတ်ဆွေဖြစ်သူ "ခြူးနဂါး" အာမခံဌာနပိုင်ရှင် "ဝမ်စန်းရီ" သေဆုံးမှုအတွက် လိုက်လံစုံစမ်းရင်း အသတ်ခံခဲ့ရပါတယ်။
ဒါကြောင့် "ရှောင်ပင်း" လည်း "ကြူဟီးမြို့"ကို ပြန်ရင်း သင်္ချိုင်းပျက်ထဲမှာ ရန်သူတွေရဲ့ လက်ချက်ကြောင့် တစ်ယောက်တည်း အားကိုးရာမဲ့ ဖြစ်နေတဲ့ စိတ်ဝေဒနာရှင် မိန်းကလေးကို နေအိမ်ကို ခေါ်ဆောင်လာခဲ့ပါတယ်။
အဲဒီမိန်းကလေးရဲ့ အမည်က "ယင်းကုနန်" ဖြစ်ပြီး သူမရဲ့ ဖခင် သက်တံ့ဓါး "ယင်းလုထင်း" ဟာ သိုင်းလောကကို စိုးမိုးဖို့ ကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ "သက်တံ့ဓါး ဂေဟာ" တစ်ခုလုံး သိုင်းလောကသားတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ "ကြူဟီးမြို့" အရောက်မှာတော့ ဖခင်ဖြစ်သူ "ရှောင်လီ" က "ရှောင်ပင်း" ကို သိုင်းလောကသားတွေနဲ့ မပတ်သက်စေလိုတာကြောင့် "ယင်းကုနန်" ကို လက်မခံခဲ့ပါဘူး။
ဒါကြောင့် "ယင်းကုနန်" က ဝမ်းနည်းထွက်ပြေးသွားခဲ့တဲ့အခါ "ရှောင်လီ" ကလည်း "ယင်းကုနန်" ကိုလိုက်ရှာရင်း အခက်အခဲ ဘေးအန္တရာယ်မျိုးစုံကြားမှာ သိုင်းလောကထဲ ရောက်မှန်းမသိ ရောက်လာခဲ့ပါတယ်။
"ရှောင်လီ" ဟာ သိုင်းပညာ မတတ်တာကြောင့် သိုင်းသမားဆိုးတွေရဲ့ အနိုင်ကျင့်ခံခဲ့ရသလို "ယင်းကုနန်" ကလည်း စိတ်ဝေဒနာ စွဲကပ်နေသူဖြစ်တာကြောင့် သိုင်းစွမ်းက ပေါ်လိုက် ပျောက်လိုက် ဖြစ်နေရပါတယ်။
အဲဒီအချိန်မှာ "ခြူးနဂါး" အာမခံဌာနပိုင်ရှင် "ဝမ်စန်းရီ" ရဲ့ သားဖြစ်သူ "ဝမ်ကျောင်း" ကလည်း ဖခင်သေဆုံးမှုအတွက် လိုက်လံဖော်ထုတ်ရင်း ဖခင်ဖြစ်သူဟာ တချိန်က သိုင်းလောကမှာ ဆိုးသွမ်းခဲ့တဲ့ "အရိုးစုဘီလူး" ရဲ့ လက်နက်ပုန်းကြောင့် သေဆုံးခဲ့ရတယ်ဆိုတာ သိလာခဲ့ရပါတယ်။
ဒီလိုနဲ့ "သက်တံ့ဓါးဂေဟာ"၊ "ခြူးနဂါး" အာမခံဌာန အပါအဝင် သိုင်းလောကအဖွဲ့အစည်းတွေ ဖျက်ဆီးခံရမှုဟာ တစ်စုံတစ်ယောက်ရဲ့ ကြိုးကိုင်ကြံစည်မှုတွေ ဖြစ်ကြောင်း တဖြည်းဖြည်း ဖော်ထုတ်လာနိုင်ခဲ့တဲ့အခါ "ရှောင်ပင်း"၊ "ယင်းကုနန်" နဲ့ "ဝမ်ကျောင်း" တို့ လူငယ်တစ်စုဟာ အင်အားကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်ကြရပြီး ... ။
📚 ၆ အုပ်တွဲ