အလွန်ဆိုးသွမ်းတဲ့ အနက်ရောင် သိုင်းပညာရှင်တစ်ဦးဖြစ်သူ ဝိညာဥ်နက်ဂိုဏ်းချုပ် "ကျင်းရို" ဟာ "အအေးဓါတ်သိုင်း" အားကိုးနဲ့ သိုင်းလောကကို လွှမ်းမိုးဖို့ ကြိုးစားနေသူဖြစ်ပြီး လူငယ်တွေကို ပင်လယ်ပြင်ထဲက "မရဏကျွန်း" မှာ ဖမ်းဆီးကာ ဖုတ်ကောင်တွေသဖွယ် အသိညာဏ်ပျောက်ဆုံးစေတဲ့ ဆေးဝါးတွေ တိုက်ကျွေးခိုင်းစေသလို သူ့ကို ပြန်လည် ခုခံတွန်းလှန်သူတွေကိုလည်း ရက်ရက်စက်စက် နှိပ်စက် သတ်ဖြတ်ခဲ့ပါတယ်။
"ချန်းဟူး" ကျေးရွာက "ဆင်းလုံ" နဲ့ "ဆင်းရှိန်" တို သားအဖ၊ "ထန်ကျန်း" မြိုက "ဆင်းဟု" နဲ့ "ဆင်းရိ"၊ "ဆင်းလွေ" တို့ သားအဖ၊ ကျန်းနန်ဓါးသမား "ကုန်းလိ"၊ ချူးမန်းဂိုဏ်း က "ထိကျင်း"၊ ရှောင်လင်ကျောင်း က "ချန်ရိ"၊ အဖိုးအို "ပိုင်လိ" နဲ့ "ပိုင်မေ" တို့သားအဖ၊ စာပေသိုင်းသမား "နန်ထင်း" တို့လူစုဟာ "မရဏကျွန်း" ကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့ပေမယ့် ဝိညာဥ်နက်ဂိုဏ်းချုပ် "ကျင်းရို" ကိုတော့ မသုတ်သင်နိုင်ခဲ့တဲ့အတွက် "ကျင်းရို" ဟာ တံငါသည် လူငယ်လေး "စီရဲ့" ကို ဖမ်းဆီး တပည့်မွေးပြီး "ဝိညာဥ်နက်ဂိုဏ်း" ကို ပြန်လည်တည်ထောင်နိုင်ခဲ့ရုံသာမက "သိုင်းလောကမဟာမိတ်အဖွဲ" နဲ့ "ခုနစ်စဥ်ကြယ်ဂိုဏ်း"ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အဲဒီနောက် "ကျင်းရို" ဟာ သူ့ရဲ့အဓိက ရန်သူတွေဖြစ်တဲ့ "ကုန်းလိ" တို့လူစုကို "လင်းနို့လိုဏ်ဂူ" ထဲမှာ ပိတ်လှောင်ထားခဲ့ပေမယ့် "ချူမန်" ဂိုဏ်းချုပ် "ရိဟန်" ရဲ့ ကယ်တင်မှုကြောင့် ပြန်လွတ်လာကြပြီး အမှားကိုသိမြင်လာတဲ့ "စီရဲ့" ရဲ့ ပူးပေါင်းပါဝင်မှု၊ "ကျင်းရို" ရဲ့ သမီး "ပေယင်" ရဲ့ ညွှန်ပြမှုနဲ့အတူ "ဝိညာဥ်နက်ဂိုဏ်းချုပ် "ကျင်းရို" ကို နှိမ်နင်းဖို့ ကြိုးစားကြတဲ့အခါ ... ။
("ဝဏ္ဏအောင်" ရဲ့ "အဆိပ်ဝင်္ကပါ သိုင်းမိစ္ဆာ"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ငရဲကျွန်း"၊ ၄ အုပ်တွဲ သိုင်းစာစဥ်၊ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "အရိုးဖြူဂိုဏ်း သွေးနီအရိုင်း"၊ ၆ အုပ်တွဲ သိုင်းစာစဥ်တို့နဲ့ အတူတူပဲဖြစ်ပါတယ်။
"ငရဲကျွန်း" ကို ၁၉၉၁ ခုနှစ်၊ "အရိုးဖြူဂိုဏ်း သွေးနီအရိုင်း" ကို ၂၀၀၇ ခုနှစ်၊ "အဆိပ်ဝင်္ကပါ သိုင်းမိစ္ဆာ" ကို ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ