အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လျှပ်တပြက်ဓါးသမား" လို့ အမည်ရတဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ "ထိကျားကျေးရွာ" ပိုင်ရှင် "ထိစုဟုန်" ရဲ့သမီး "စုချင်း" နဲ့ တွေ့ဆုံခဲ့ပြီးနောက် လူကောင်းတစ်ဦးအဖြစ် ဘဝကို ပြောင်းလဲနေထိုင်ခဲ့ပေမယ့်လည်း အတိတ်ရဲ့ ရန်ငြိုးတွေကြောင့် အန္တရာယ်လမ်းကိုပဲ ဖြတ်သန်းနေရပါတယ်။
"ချန်ကျားကျေးရွာ" ဟာလည်း အဖြူရောင်အဖွဲအစည်းတစ်ခုအဖြစ် သိုင်းလောကမှာ ရပ်တည်နေပေမယ့် နောက်ကွယ်မှာ မကောင်းမှုတွေ ကျူးလွန်နေတာကြောင့် "လျှပ်တပြက်ဓါးသမား" အနေနဲ့ "ချန်ကျားကျေးရွာ" ရဲ့ မကောင်းမှုကို ဖော်ထုတ်ပြီး နာမည်ကောင်းရလာစေဖို့ "စုချင်း" က ကြံစည်ခဲ့ပါတယ်။
ဒါကြောင့် "စုချင်း" နဲ့ "လျှပ်တပြက်ဓါးသမား" တို့ဟာ "ချန်ကျားကျေးရွာ" နဲ့ ရင်ဆိုင်ခဲ့ကြပြီး "လျှပ်တပြက်ဓါးသမား" ရဲ့ လက်ချက်နဲ့ "ချန်ကျားကျေးရွာ" ပိုင်ရှင် "ကုဝေယင်း" သေဆုံးသွားခဲ့သလို "ချန်ကျားကျေးရွာ" သခင်မကြီး "ယန်ကျင်း" ရဲ့တိုက်ခိုက်မှုကြောင့် "လျှပ်တပြက်ဓါးသမား" လည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "လျှပ်တပြက်ဓါးသမား" ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သူ "ဆင့်ဆင့်အိ" ဟာ ဒီပြသနာထဲမှာ ပါဝင်လာပြီး လျှို့ဝှက်ဓါးပြကြီး "သေမင်းသခင်" ရဲ့ ဖိတ်ခေါ်မှုကို "လျှပ်တပြက်ဓါးသမား" အဖြစ် လူစားထိုး သွားရောက်တွေ့ဆုံရင်း ဘုရင့်သမီးတော် ပြန်ပေးဆွဲမှုနဲ့ ကြုံရတဲ့အခါ ... ။
📚 ၂ အုပ်တွဲ