သိုင်းလောကရဲ့ မိတ်ဆွေသုံးဖော်ဖြစ်တဲ့ "ယင်ကျင်း"၊ "စွန်းထုံ" နဲ့ "လောက်ချစ်" တို့ဟာ သမားတော် "မုတင်းဟွာ" ရဲ့ လျှို့ဝှက်ချက်ကို သိရှိသွားခဲ့တာကြောင့် အားလုံး လုပ်ကြံခံခဲ့ရရုံသာမက "ယင်ကျင်း" ရဲ့ဇနီး "ကွမ်းကြုံးမေ" ပါ သေဆုံးသွားခဲ့ပြီး လသားအရွယ် သားအမြွှာ ၂ ယောက်ဖြစ်တဲ့ "သက်ပြင်းကြီး" နဲ့ "သက်ပြင်းလေး" တို ညီအစ်ကိုဟာလည်း တကွဲတပြားစီ ဖြစ်သွားခဲ့ပါတယ်။
လူယုံတော်ကြီး "ဝမ်ပုချူး" ရဲ့ ကြိုးစားကယ်တင်မှုကြောင့် စိတ်ထားနူးညံ့သူ "သက်ပြင်းကြီး" က အဖိုးအဖွားရှိရာ "ကျောက်စိမ်းနန်းတော်" မှာ နေထိုင်ကြီးပြင်းခဲ့ရပေမယ့် ဆတ်ဆတ်ထိမခံတတ်သူ "သက်ပြင်းလေး" ကတော့ စောရကြွက်ပျင်း "ဟန်စန်း"၊ အရက်သမား "တင်းအိ"၊ သူတောင်းစား "ကျူးကပ်လွီ" တိုလူစုနဲ့အတူ ကြီးပြင်းလာခဲ့ရပြီး "ဟန်စန်း"၊ "တင်းအိ" နဲ့ "ကျူးကပ်လွီ" တို့က သက်ပြင်းလေး "ဟန်ကျင်း" အတွက် "ရှောင်လင်ကျောင်း" က "တိမ်စီးကြိုးကြာသိုင်းကျမ်း" ကို အသက်စွန့် ခိုးယူပေးခဲ့ကြပါတယ်။
နှစ်အနည်းငယ်ကြာပြီးနောက် သိုင်းပညာတတ်မြောက်လာတဲ့ သက်ပြင်းကြီး "ကွမ်းကြုံးရှဲ" ဟာ ဖခင်နဲ့ ညီဖြစ်သူကို ရှာဖွေဖို့ "ကျောက်စိမ်းနန်းတော်" ကနေ သိုင်းလောကထဲ ဆင်းလာခဲ့သလို သက်ပြင်းလေး "ဟန်ကျင်း" ကလည်း သူ့ဘဝဇစ်မြစ်ကို ဖော်ထုတ်ဖို့ သိုင်းလောကထဲ လှည့်လည်သွားလာနေခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ငွေဓါးသခင် "စုအိမ်း" ရဲ့သား "စုထင်းသက်" နဲ့ စာပေသမား "ကျန်းချစ်" ရဲ့ သမီး "ကျန်းကူးလျှံ" တို့ဟာ ရုတ်တရက်ပျောက်ဆုံးသွားတဲ့ ဖခင်တွေကို လိုက်ရှာရင်း လူစိတ်ပျောက်ဆုံးစေတဲ့ ဆေးဝါးတွေအသုံးပြုပြီး သိုင်းလောကကို စိုးမိုးဖို့ ကြိုးစားနေတဲ့ "ငရဲမင်း" အဖွဲကို စတင် ခြေရာခံမိခဲ့ကြပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်လုံး မယှဥ်နိုင်ဘဲ ဒဏ်ရာရရှိခဲ့တဲ့အတွက် "စုထင်းသက်" ကို "သက်ပြင်းကြီး"၊ "ကျန်းကူးလျှံ" ကို "သက်ပြင်းလေး" တို့က တွေ့ရှိ ကယ်တင်ပေးခဲ့ရပါတယ်။
တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်ကတည်းက စကြာရဲတိုက်ပိုင်ရှင် "ဆားလောက်ဖုန်း"၊ ငွေဓါးသခင် "စုအိမ်း" နဲ့ စာပေသမား "ကျန်းချစ်" တို့အပါအဝင် ထိပ်တန်းသိုင်းသမားအချိုဟာ "မိစ္ဆာနိုင်အဖွဲ့" ကို ထူထောင်ကာ "ငရဲမင်းအဖွဲ့" ကို ခြေရာခံစုံစမ်းခဲ့ကြတာ ဖြစ်ပြီး "မိစ္ဆာနိုင်" အဖွဲသားတွေသာ ဆုံးရှုးသွားခဲ့ရပေမယ့် "ငရဲမင်း" အဖွဲ့ကိုတော့ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။
"သက်ပြင်းကြီး၊ သက်ပြင်းလေး" တို့ လူစုဟာ ဖခင် "ယင်ကျင်း" ရဲ့ လက်ရုံးတပည့်ဖြစ်သူ "ကျွဲကြီး" ရဲ့အကူအညီနဲ့ ဇွဲကောင်းစွာ ခြေရာခံကြရင်း "ငရဲမင်း" နဲ့ လက်ရုံး ၃ ယောက်ဖြစ်တဲ့ "ပျားရိုင်းကြီး"၊ "မြေခွေး" နဲ့ "ဘီလူး"တို့ဦးဆောင်တဲ့ "ငရဲမင်းအဖွဲ" နဲ့ ရင်ဆိုင်အတွေ့မှာတော့ ... ။
📚 ၅ အုပ်တွဲ