"သက်တန့်" ဂိုဏ်းချုပ် "မာထင်း" ဟာ တပည့်တချို့ရဲ့ အဆိပ်ခတ်မှုကြောင့် အတွင်းအားလျော့နည်းကာ ရန်သူတော် "လေမင်းသား" နဲ့ ယှဥ်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီးနောက် သစ္စာဖောက်တပည့်တွေကို ဖော်ထုတ်ဖို့နဲ့ သားဖြစ်သူ စာပေသမား "မာကျင်း" ကို "ကျောက်စိမ်းပြား"တစ်ပြားနဲ့အတူ "ဝါဆန်းတောင်" ကို တိမ်းရှောင်ခိုင်းဖို့ သူအယုံကြည်ရဆုံး တပည့်ဖြစ်သူ "ထန်စန်း" ကို "ရောင်စဥ်ခုနစ်ဖြာသိုင်းကျမ်း" ပေးအပ်ရင်း အသက်မဆုံးပါးမီ မှာကြားသွားခဲ့ပါတယ်။
ဒါကြောင့် "ထန်စန်း" လည်း မှာကြားချက်အတိုင်း "မာကျင်း" ထံ အမြန်သွားရောက်ခဲ့ပေမယ့် လိုက်လံလုပ်ကြံတဲ့ ရန်သူတွေကို မတားဆီးနိုင်ခဲ့ဘဲ စာပေသမား "မာကျင်း" ရဲ့ သားဖြစ်သူ "ရှောင်လုံ" ကိုသာ ကယ်တင်နိုင်ခဲ့ပါတယ်။
ရိုးသားလှတဲ့ "ထန်စန်း" ဟာ ဂိုဏ်းချုပ် "မာထင်း" ရဲ့ တပည့် ၇ ဦးထဲမှာ ဘယ်သူက သစ္စာဖောက်တွေဆိုတာ မဖော်ထုတ်နိုင်ခဲ့ပေမယ့် "ရှောင်လုံ" ကိုတော့ "ဝါစန်းတောင်" ကို ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး "ဝါစန်းတောင်" က "ရွှေကြေးဂိုဏ်းချုပ်" ရဲ့ တပည့်တွေဖြစ်တဲ့ "ဒုက္ခိတအဖိုးအို"၊ "ဆေးတံရှည်အဖိုးအို"နဲ့ "လူဝကြီး" တို့ထံက သိုင်းပညာတွေ သင်ယူစေခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သိုင်းစွမ်းထက်လာတဲ့ "မာရှောင်" ဟာ အဖိုးကိုသတ်တဲ့ သစ္စာဖောက်တွေကို ဖော်ထုတ်နိုင်ခဲ့တဲ့အပြင် "ကျောက်စိမ်းပြား" ရဲ့ လျှို့ဝှက်ချက်နဲ့ သိုင်းလောကကို စိုးမိုးဖို့ကြံရွယ်နေတဲ့ "လေမင်းသား" ကိုပါ ဖော်ထုတ်နိုင်တဲ့အခါ ... ။
("ဝဏ္ဏအောင်" ရဲ့ "ရောင်စဥ်ခုနစ်ဖြာသိုင်းဝင်္ကပါ"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ "နန္ဒကျော်သူ" ရဲ့ "ကြေးပြားလင်္ကာသိုင်းကဗျာ"၊ ၄ အုပ်တွဲသိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ "ရောင်စဥ်ခုနစ်ဖြာသိုင်းဝင်္ကပါ" ကို ၁၉၉၆ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ကြေးပြားလင်္ကာသိုင်းကဗျာ" ကတော့ ၁၉၈၈ ခုနှစ်မှာ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ