ဆိုးသွမ်းသောင်းကျန်းနေတဲ့ "ပြည်မသိုင်းသမားကိုးယောက်" အဖွဲက နုတ်ထွက်ပြီး အေးအေးချမ်းချမ်း ဘဝသစ်ထူထောင်နေတဲ့ "စင်းကျားမောင်နှံ" ကို "ပြည်မသိုင်းသမားကိုးယောက်" အဖွဲ့ ဦးဆောင်သူ နှစ်ဦးဖြစ်တဲ့ "စွမ်းကန်" နဲ့ "စွမ်းယန်" တို့က လိုက်လံရှာဖွေ သတ်ဖြတ်ခဲ့ပေမယ့် သားဖြစ်သူ "စင်းထန်" ကိုတော့ နွားတစ်ကောင်ရဲ့ကျောပေါ်တင်ပေးပြီး မောင်းလွှတ်ခဲ့ပါတယ်။
"စူးဝါးတောင်" ပေါ်မှာ သိုင်းဂိုဏ်းချုပ် ၅ ယောက်ရဲ့ ဝိုင်းဝန်းလုပ်ကြံခံခဲ့ရတဲ့ "မိုးသောက်နေဝင် ခုနစ်စင်ကြယ်ဓါးသမား မေယိုကျင်း" နဲ့ အသက်ဘေးက လွတ်မြောက်လာတဲ့ "စင်းထန်" တို့ မမျှော်လင့်ဘဲ တွေ့ဆုံကြပြီး သိုင်းပညာ သင်ကြားပြီးတဲ့အခါ ... ။
📚 ၄ အုပ်တွဲ