ရွှေကျားရဲတိုက် သခင်လေး "ထုံမင်း" ဟာ အဖြူရောင်သိုင်းသမားတစ်ဦးအဖြစ် သိုင်းလောကအကျိုး ဆောင်ရွက်ခဲ့ပေမယ့် ဇနီးဖြစ်သူ "ဝူးလျှံ" နဲ့ သူငယ်ချင်းဖြစ်သူ "ကျုံးဟို" တို ဖောက်ပြန်နေကြောင်း သိလိုက်ရပြီးနောက် စိတ်ဓါတ်ကျဆင်းကာ အရာရာကို လျစ်လျှူရှုထားခဲ့တဲ့အတွက် အိမ်ထောင်ရေး ပြိုကွဲခဲ့ရုံသာမက "ရွေကျားရဲတိုက်" လည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။
"ထုံမင်း" ဟာ ဇနီးဖြစ်သူ "ဝူးလျှံ" မီးထဲမှာ ကွယ်လွန်သွားခဲ့ပြီးနောက် သမီးဖြစ်သူ "ထုံယင်းစု" ကိုပါ သမီးအဖြစ်အသိအမှတ်မပြုတော့ဘဲ "ရင်မေ" နဲ့ နောက်အိမ်ထောင်ပြုခဲ့ပြီး သစ္စာဖောက် "ကျုံးဟို" ကို လက်စားချေဖို ၇ နှစ်တိုင်တိုင် နေရာအနှံ လိုက်လံရှာဖွေနေခဲ့ပါတယ်။
အဲဒီလို ရှာဖွေနေရင်း သိုင်းလောကမှာ ဗိုလ်ကျစိုးမိုးနေတဲ့ "ခြင်္သေ့ရဲတိုက်" နဲ့ ရန်ငြှိး ရန်စ ဖြစ်ခဲ့ရာက "ခြင်္သေ့ရဲတိုက်" ရဲ့လက်ချက်နဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့ပေမယ့် ကံကောင်းထောက်မစွာ အသက်မသေခဲ့တဲ့အပြင် ရသေ့ကြီးတစ်ပါးရဲ့ "အမည်မဲ့သိုင်းကျမ်း" ကို တွေ့ရှိခဲ့သလို တဖက်မှာလည်း ချောက်ထဲပြုတ်ကျခဲ့ချိန်မှာ ထိခိုက်မိတဲ့အတွက် ရုပ်ပျက် ဆင်းပျက် ဖြစ်သွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ထုံမင်း" ဟာ "အမည်မဲ့သိုင်းကျမ်း" ကို လေ့ကျင့်အောင်မြင်ခဲ့ပြီးနောက် သိုင်းလောကထဲ ပြန်ရောက်လာခဲ့တဲ့အခါ "ကျုံးဟို" ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတိုနှစ်ယောက်ကြား သွေးကွဲအောင်ပြုလုပ်ကာ "ရွှေကျားရဲတိုက်" ကို မီးရှိဖျက်ဆီးခဲ့တဲ့ "ခြင်္သေ့ရဲတိုက်" ရဲ့အကောက်ကြံမှုတွေကို သိရှိလာခဲ့ပါတယ်။
အထင်လွဲမှုတွေ ပြေပျောက်သွားတဲ့ "ထုံမင်း" ဟာ "လေလွင့်ဂိုဏ်း" ရဲ့အကူအညီနဲ့ "ရွှေကျားရဲတိုက်" ကို ပြန်လည်ထူထောင်ခဲ့သလို ရန်သူတော် "ခြင်္သေ့ရဲတိုက်" ကို လက်စားချေဖို ကြိုးစားခဲ့ရာမှာတော့ အမည်မသိ "မရဏပုလွေသံရှင်"၊ စာပေသမား "ပေရိုဝိန်"၊ "မယ်ယက္ခ"၊ "သံမဏိအသည်း သမားတော်" စသူတွေက ဝိုင်းဝန်းကူညီပေးခဲ့ကြပေမယ့် ... ။
📚 ၂ အုပ်တွဲ