တာ့လီနယ်စားကြီး ကွယ်လွန်သွားပြီးနောက် သားငယ် "လီကျန်းစိန်" ကို အရိုက်အရာ လွှဲပြောင်းပေးခဲ့ပေမယ့် အစ်ကိုဖြစ်သူ "လီစီမင်း" က လုပ်ကြံသတ်ဖြတ်ကာ ထီးနန်းရယူခဲ့ပါတယ်။
ဒါကြောင့် "လီကျန်းစိန်" ရဲ့ သားဖြစ်သူ "လီဟောက်" ဟာ လုပ်ကြံသတ်ဖြတ်သူတွေရဲ့ ရန်က ထွက်ပြေးရင်း တပည့်မွေးချင်တဲ့ ရသေ့ဆိုး နှစ်ယောက်ရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါတယ်။
မင်းသားလေး "လီဟောက်" ကို ခရေပွင့်သီလရှင်ရဲ့ တပည့်မလေး "ပန်လုံကျင်း" နဲ့ သူတောင်းစားကြီး "စုစီး" တို့က ကူညီပေးခဲ့ကြပြီး "လီဟောက်" လည်း "စုစီး" ရဲ့ တပည့် ဖြစ်လာခဲ့ပါတယ်။
ဒီအချိန်မှာ နယ်စား "လီစီမင်း" က "လီဟောက်" ကို သဲသဲမဲမဲ လိုက်လံရှင်းလင်းနေခဲ့တာကြောင့် "လီဟောက်" လည်း မွန်ဂိုဒေသကို တိမ်းရှောင်လာခဲ့ရပြီး မွန်ဂိုနယ်စားကြီးထံမှာ ခိုလှုံနေခဲ့ပါတယ်။
ဒါပေမဲ့လည်း "လီဟောက်" တစ်ယောက် မွန်ဂိုဒေသမှာ ကြာကြာမနေနိုင်ခဲ့ဘဲ နယ်စားကြီးရဲ့ တူတော် "ဥတုမင်းသား" ရဲ့ အကောက်ကြံမှုကြောင့် ထွက်ပြေးလာခဲ့ရပြန်ပြီး လူထူးဆန်း "ကျင်းစု" ထံမှာ သိုင်းပညာ ဆက်လက်သင်ကြားခဲ့ပါတယ်။
တချိန်တည်းမှာပဲ တာ့လီနယ်စား "လီစီမင်း" ဟာ မွန်ဂိုမင်းသား "ဥတုမင်းသား" နဲ့ပူးပေါင်းပြီး သိုင်းလောကနဲ့ ပြည်မဒေသကို ထိန်းချုပ်ဖို့ ကြိုးစားလာချိန်မှာတော့ ... ။
📚 ၄ အုပ်တွဲ