မဟုတ်မခံစိတ်ရှိတဲ့ အဖမဲ့သား လူငယ်လေး "ယမ်ခွမ်း" ဟာ မိခင်သေဆုံးသွားပြီးနောက် ဖခင်ကို လိုက်ရှာဖို့ သူငယ်ချင်း "မီးသွေးတုံး" နဲ့အတူ မြို့တက်လာစဥ် "သိုင်းဆရာဝေခုံး" ရဲ့ ကောက်ကျစ်ယုတ်မာမှုကြောင့် အကျဥ်းကျခဲ့ရပြီး "ကျားငါးကောင်ဟူကျင်း" ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရင်မှာ ပေါက်ဖွားလာတဲ့ လူတွေအပေါ် မယုံကြည်စိတ်နဲ့ အငြိုးအာဃာတစိတ်တွေက "ယမ်ခွမ်း" ကို လမ်းမှားရောက်အောင် တွန်းပိုခဲ့ပြီး "လောက်ချန်းမြို" အရှေ့ပိုင်းက လေလွင့်လူငယ်တသိုက်ရဲ့ ခေါင်းဆောင် "နဂါးလေး ယန်ခွမ်း" ဖြစ်လာခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ "နဂါးလေး ယန်ခွမ်း" ဟာ "လောက်ချန်းမြို" အပိုင်းအသီးသီးက လေလွင့်လူငယ်တွေစုစည်းကာ "ဒေါင်းနဂါးဂိုဏ်း" ကို ထူထောင်နိုင်ခဲ့သလို ဒုစရိုက်လောကထဲကိုလည်း တစ်စထက်တစ်စ တိုးဝင်လာမိခဲ့ပါတယ်။
နောက်ဆုံးမှာ အသိတရားဝင်လာတဲ့ "ယမ်ခွမ်း" က "ဒေါင်းနဂါးဂိုဏ်း" ကို ကျောခိုင်းပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်ဖို ကြိုးစားခဲ့ပေမယ့်လည်း သူ့ကို အသုံးချနေတဲ့ "သွေးဝိညာဥ်ဂိုဏ်း" က "ယန်ခွမ်း" ကို လှည့်ဖျားပြီး အဖြူရောင်သိုင်းသမား "တရားဓါး ယန်ချင်း" နဲ့ ထိပ်တိုက်တွေ့ဆုံစေတဲ့အခါ ... ။
📚 ၃ အုပ်တွဲ