နာမည်ကျော် ဟာသမင်းသား "Stephen Chow" ရဲ့ လူကြိုက်များလှတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ "Kung Fu Hustle" ရုပ်ရှင်ကို သိုင်းလောကသားတိုင်း ကြည့်ဖူးကြပါလိမ့်မယ်။
ဒီ "ခြင်္သေ့ဟိန်းသံ" ဝတ္ထုဟာ "Kung Fu Hustle" ရုပ်ရှင်နဲ့ ၈ဝ ရာခိုင်နှုန်းလောက်တူညီနေပြီး အချိန်ကာလနဲ့ ဇာတ်လမ်းဇာတ်ကွက်တချို့ပဲ ကွဲပြားပါတယ်။
"Kung Fu Hustle" ရုပ်ရှင်ကို ၂၀၀၄ ခုနှစ်မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး "ဝဏ္ဏအောင်" ဘာသာပြန်ဆိုတဲ့ "ခြင်္သေ့ဟိန်းသံ" ဝတ္ထုကတော့ ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။
📚 ၂ အုပ်တွဲ