တာလိပြည်ဘုရင်ကြီးရဲ့ သားနဲ့သမီးဖြစ်တဲ့ "မလိယာ" နဲ့ "တန့်ဖုံး" တို မောင်နှမဟာ သူတို့ ဖခင်ဘုရင်ကြီးကို မသမာသူတစ်ဦးက ဖမ်းဆီးအကျဥ်းချပြီး လူစားထိုးဟန်ဆောင်နေတာကို မမျှော်လင့်ဘဲ သိရှိသွားတဲ့အတွက် "ဘုရင်အတု" ရဲ့ လိုက်လံဖမ်းဆီး ရှင်းလင်းခြင်းကို ခံခဲ့ရပါတယ်။
ဒါကြောင့် သူတို့မောင်နှမဟာ "တာလိပြည်" ကနေ "ပြည်မဒေသ" ကို ထွက်ပြေးလာခဲ့ကြပြီး ဘကြီးတော် "တန့်စင်" ကို ရှာဖွေအကူအညီတောင်းခံဖို ကြိုးစားခဲ့ကြပေမယ့် နောက်ကလိုက်လာတဲ့ တာလိပြည်က အထူးတပ်ဖွဲတွေကို တိုက်ခိုက် ရှောင်ကွင်းရင်း မောင်နှမနှစ်ယောက် လူချင်းကွဲကွာသွားခဲ့ကြပါတယ်။
ချောင်းရေထဲ မျောပါသွားတဲ့ အစ်ကိုဖြစ်သူ တန့်ဖုံး ဟာ ကျောက်ဆောင်ကျေးရွာကို ရောက်ရှိသွားပြီး စုစုတို့ မြေးအဖိုးရဲ့ ကယ်တင်မှုကြောင့် အသက်ရှင်ခဲ့ပေမယ့် အတိတ်မေ့သွားခဲ့ပါတယ်။
နှမဖြစ်သူ "မလိယာ" ကတော့ နာမည်ကျော် "လုရှောင်ဖုန့်" ရဲ့ သူငယ်ချင်းတွေဖြစ်တဲ့ မျက်မမြင် "ပန်းလူ"၊ အဘိဓာန် "ဝူးရုံ"၊ စောရ "ကြယ်တံခွန်" တို့နဲ့ ဆုံတွေ့ခဲ့ပြီး အဖြစ်အပျက်တွေကို ပြောပြအကူအညီတောင်းခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ဘုရင်အတု" က အပြတ်ရှင်းဖို စေလွှတ်လိုက်တဲ့ ကျားဝါအဖွဲ၊ ချိုးဖြူအဖွဲ၊ ဝံပုလွေအဖွဲတို နဲ့ မလိယာ တို့ မောင်နှမ၊ စုစု တို့ မြေးအဖိုး၊ ပန်းလူ တို့ သူငယ်ချင်းတစ်သိုက် ရင်ဆိုင်တွေ့ကြတဲ့အခါ ... ။
📚 ၂ အုပ်တွဲ