သိုင်းလုလင် "ဝမ်ရှောင်း" ဟာ "ဟန်ကျိုး" မြို က တည်းခိုခန်းတစ်ခုမှာ နာမည်ကြီး "ရွှေသော့အာမခံဌာန" က ထိပ်တန်း သိုင်းသမားတွေနဲ့ ခိုက်ရန်ဖြစ်ပွားပြီး အချိန်အနည်းငယ်အတွင်းမှာ အနိုင်ယူခဲ့တဲ့အတွက် အများရဲ့အထင်ကြီးခြင်းကို ခံခဲ့ရပါတယ်။
ဒါပေမဲ့ အဲဒီလို အနိုင်ယူလိုက်ခြင်းဟာ "ရွှေသော့အာမခံဌာန" အတွက် ဂုဏ်သိက္ခာကျဆင်းသွားစေတာကြောင့် "ရွှေသော့အာမခံဌာန" ပိုင်ရှင် "ရီချန်းလုံ" နဲ့ သမီး "ရီမေ" တို့က "ဝမ်ရှောင်း" ကို ဖိတ်ခေါ်ပြီး လူမြင်ကွင်းမှာ တစ်ပတ်ကြာ ဟန်ပြ ပြစ်ဒဏ်ကျခံပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
လှပချောမောတဲ့ "ရီမေ" ကို ချစ်ကြိုက်မိသွားတဲ့ "ဝမ်ရှောင်း" လည်း "ရီချန်းလုံ" တို့သားအဖရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံပြီး "ရွှေသော့အာမခံဌာန" ရှေ့က ပြစ်ဒဏ်ပေးရာ ကွင်းပြင်မှာ အချုပ်အနှောင်ခံခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ ဒုစရိုက်သမားတွေဖြစ်တဲ့ "သရဲညီနောင် ၅ ဖော်" ဟာ သူဌေးကြီး "ပုဝမ်ဖန်" အဖြစ် ပစ္စည်းအပ်နှံဟန်ဆောင်ရင်း "ရွှေသော့အာမခံဌာန" ထဲကို ဝင်ရောက်သွားခဲ့ပြီး အာမခံဌာနမှာ ထိန်းသိမ်းထားတဲ့ "ရတနာပစ္စည်း" တွေကို လုယူဖို့ ကြိုးစားခဲ့ကြပါတယ်။
"သရဲ ညီနောင် ၅ ဖော်" ရဲ့ အကြံအစည်တွေကို "ဝမ်ရှောင်း" က သိရှိသွားပေမယ့် သံကြိုးချည်အချုပ်အနှောင်ခံနေရတာကြောင့် ကြိုတင်သတိပေးဖို မတတ်နိုင်ဘဲ ဖြစ်နေခဲ့သလို တစ်ပတ်ကြာချုပ်နှောင်ခံရပြီးနောက် ပြန်လည်လွတ်မြောက်တဲ့ ညမှာပဲ သူလျှိုအဖြစ် အထင်မှားခံခဲ့ရပြီး မြေအောက်ခန်းမှာ ထပ်မံအချုပ်နှောင်ခံရပြန်ပါတယ်။
အဲဒီနောက်မှာတော့ "ရွှေသော့အာမခံဌာန" ပိုင်ရှင် "ရီချန်းလုံ" အသတ်ခံလိုက်ရသလို "ဝမ်ရှောင်း" ဘက်က သက်သေခံပေးနိုင်မယ့် မြင်းထိန်း "ဝါးလုံးရှည်ကြီး" လည်း အသတ်ခံလိုက်ရတဲ့အခါမှာတော့ အခြေအနေတွေ ရှုပ်ထွေးလာပြီး ... ။
📚 လုံးချင်း