"အရိုးဖြူတောင်" ဟာ "စွယ်စုံသိုင်းကျမ်း" စာအုပ်တစ်အုပ် ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် သိုင်းလောကသားတွေ စိတ်ဝင်စားကြတဲ့တောင်တစ်လုံး ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ပျံကျဂိုဏ်းချုပ်ကြီး "ဆင်ချိစေး"၊ ဝူတန်လက်ထောက်ဂိုဏ်းချုပ် "ဟန်စူး"၊ နှင်းတောင်သူတော် "တန်ချူးရှော်"၊ မီးလျှံနဂါးဂိုဏ်းချုပ်ရဲ့သား "ဝန်းကောင်ဇူ"၊ လိုယန်နယ်စားသမီး "ယမ်ကွမ်ခုန်" နဲ့ မိန်းကလေး "လီတိုက်ပိုး" တို့ဟာ တောင်ခြေမှာ ဆုံဆည်းမိပြီး အရိုးဖြူတောင်ကို အတူတက်ခဲ့ကြပါတယ်။
မိန်းကလေး "လီတိုက်ပိုး" ဟာ မိဘသွေးကြွေးဆပ်ဖို့အတွက် သိုင်းကျမ်းကို အလိုရှိနေတာဖြစ်သလို အခြားသောသူတွေကလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ သိုင်းကျမ်းကို ရယူလိုတာ ဖြစ်ပါတယ်။
လမ်းခရီးမှာ "လီတိုက်ပိုး" ဟာ "တောကြီးပင့်ကူ" အကိုက်ခံရတဲ့အတွက် "တန်ချူးရှော်" က သူ့ရဲ့ တစ်လုံးတည်းသော အဆိပ်ဖြေဆေးကို တိုက်ကျွေးကုသပေးခဲ့ပေမယ့် "တန်ချူးရှော်" မြွေဟောက်နက် အကိုက်ခံရချိန်မှာတော့ ဆေးမရှိတော့တဲ့အတွက် ဒုက္ခရောက်ခဲ့ရပါတယ်။
ဒါကြောင့် စိတ်မကောင်းဖြစ်မိတဲ့ "လီတိုက်ပိုး" ဟာ အဖိုးအို "တန်ချူးရှော်" နောက်ဆုံးထွက်သက်အထိ "အရိုးဖြူတောင်" ပေါ်မှာ အတူနေရစ်ခဲ့ဖို့ ဆုံးဖြတ်ခဲ့သလို "တန်ချူးရှော်" ကလည်း သူ့ရဲ့ အဖိုးတန်ကျမ်းဖြစ်တဲ့ "ဓါးစက် လှံစက် ယန္တရားကျမ်း" ကို အမွေပေးခဲ့ပါတယ်။
ဒီအခါမှာ "ဓါးစက် လှံစက် ယန္တရားကျမ်း" ကို လိုချင်တပ်မက်သွားတဲ့ ဝူတန်လက်ထောက်ဂိုဏ်းချုပ် "ဟန်စူး" က မိန်းကလေး "လီတိုက်ပိုး" ကို အကောက်ကြံပြီး "ယန္တရားကျမ်း" ယူဆောင်သွားတဲ့အခါမှာတော့ ... ။
📚 ၃ အုပ်တွဲ