ဒုစရိုက်မှုတွေကို နှိမ်နင်းပြီး အမှန်တရားကို ဖော်ထုတ်လေ့ရှိသူ အထောက်တော် ဓါးပျံ "လုယိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်း ဖြစ်ပါတယ်။ (ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ "လုယိ" ဟာ အထောက်တော် မဖြစ်သေးပါဘူး။)
"ဓါးသုံးလက်ရဲတိုက်"၊ "ရွှေလင်းယုန်ရဲတိုက်" နဲ့ "ရွှေနဂါးရဲတိုက်" တိုဟာ "ကန်ယုပြည်နယ်" မှာ သြဇာအကြီးမားဆုံး အဖြူရောင်ဂိုဏ်းကြီးတွေဖြစ်ကြပေမယ့် နောက်ကွယ်မှာတော့ ရာဇဝတ်မှုတွေကို တိတ်တဆိတ် လုပ်ဆောင်နေကြပါတယ်။
အဲဒီလိုပဲ ဓါးသုံးလက်ရဲတိုက်ပိုင်ရှင် "ဖန်ချိကန်"၊ ရွှေလင်းယုန်ရဲတိုက်ပိုင်ရှင် "ဝူချီကန်"၊ ရွှေနဂါးရဲတိုက်ပိုင်ရှင် "ချူစီလီ" တိုဟာလည်း သွေးသောက်ညီအစ်ကိုတွေအဖြစ် မိတ်ဆွေဖွဲ့ထားကြပေမယ့် အချင်းချင်းကြားမှာတော့ တိတ်တဆိတ် အားပြိုင်နေကြတာ ဖြစ်ပါတယ်။
တစ်ရက်မှာတော့ ဓါးသုံးလက်ရဲတိုက်ပိုင်ရှင် "ဖန်ချိကန်" သေဆုံးသွားပြီးတဲ့နောက် ရွှေလင်းယုန်ရဲတိုက်ပိုင်ရှင် "ဝူချီကန်" နဲ့ ရွှေနဂါးရဲတိုက်ပိုင်ရှင် "ချူစီလီ" တို့ဟာ ပထမနေရာအတွက် အပြိုင်အဆိုင် ဖြစ်လာကြပါတယ်။
အသက်အရွယ်ငယ်ရွယ်တဲ့ ဓားသခင်လေး "ဖန်ထင်းလုံ" ဟာ ဓါးသုံးလက်ရဲတိုက်ခေါင်းဆောင် နေရာကို ဆက်ခံဖို စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသလို ရွှေနဂါးရဲတိုက်ပိုင်ရှင် "ချူစီလီ" ကလည်း အုပ်ချုပ်ရေးမှူး "ကျင်ကော့ကူ" ရဲ့ အပိုင်စီးမှုကို ကြုံတွေ့ရပြီးနောက် ... ။
📚 ၂ အုပ်တွဲ