"ပိုင်ဆန်းပ" တောင်မှာရှိတဲ့ "သိုင်းလောကအကျဥ်းထောင်" ဟာ အလွန်ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပြီး အထင်ကရ ဂိုဏ်းချုပ်ကြီး ၁၂ ဦးအပါအဝင် သိုင်းအကျော်အမော်ပေါင်းများစွာကို အဆင့်အလိုက် ခွဲခြားချုပ်နှောင်ထားတဲ့ နေရာဖြစ်ပေမယ့် သိုင်းပညာအဆင့်မြင့်မားလှတဲ့ "အကျဥ်းထောင်ပိုင်ရှင်" ရဲ့ အမည်၊ ရုပ်သွင်နဲ့ ဇစ်မြစ်ကိုတော့ ဘယ်သူမှ မသိကြပါဘူး။
ဒါပေမဲ့ "သိုင်းလောကအကျဥ်းထောင် ပိုင်ရှင်" ဟာ ဘယ်သူ့ကိုမှ ရန်စတိုက်ခိုက်တာမျိုး မရှိဘဲ သူ့ထံ လာရောက် စိန်ခေါ်တိုက်ခိုက်သူတွေကို တရားမျှတစွာ ရင်ဆိုင်ယှဥ်ပြိုင်ပြီးနောက် ရှုးနိမ့်သွားကြသူတွေကိုသာ ချုပ်နှောင်ထားခြင်းဖြစ်တာကြောင့် ချုပ်နှောင်ခံထားရသူတွေကိုယ်တိုင်က ကျေနပ်ကြသလို သိုင်းလောကသားတွေကလည်း သမာသမတ်ရှိသူအဖြစ် လက်ခံထားကြပါတယ်။
ထိပ်သီးသိုင်းသမားကြီးတွေဖြစ်တဲ့ အရက်တစ်အိုး "ထိုးလုဆင်း" နဲ့ နှင်းဘွားဘွား "စီဝုန်ယင်း" တို့ ဇနီးမောင်နှံဟာ ပညာမာနကြောင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ရေစက်ဆုံခဲ့ကြတဲ့ တပည့်တွေဖြစ်တဲ့ "ချင်းဖုံ" နဲ့ "ယန်အင်းအင်း" တို့ကြောင့် သူတိုနှစ်ယောက်လည်း ပြန်လည်ပေါင်းစည်းမိပြီး သိပ်မကြာခင်မှာပဲ "လင်းနိုဂိုဏ်းချုပ်" ရဲ့ လှည့်စားမှုကို ယုံကြည်မိပြီး "သိုင်းလောကအကျဥ်းထောင်ပိုင်ရှင်" ကို သွားရောက် စိန်ခေါ်တိုက်ခိုက်ခဲ့ရာမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အချုပ်နှောင်ခံခဲ့ရပါတယ်။
"ချင်းဖုံ" နဲ့ "ယန်အင်းအင်း" တို့ဟာ သူတို့ဆရာတွေကို ကယ်တင်ဖို့ "သိုင်းလောကအကျဥ်းထောင်" ကို သွားရောက်စိန်ခေါ်ခဲ့ရာမှာ မကယ်တင်နိုင်ခဲ့တဲ့အပြင် "ယန်အင်းအင်း" ပါ ထပ်မံအချုပ်နှောင်ခံခဲ့ရပေမယ့် "ချင်းဖုံ" ကတော့ "သိုင်းလောကအကျဥ်းထောင်ပိုင်ရှင်" ရဲ့ မျက်နှာသာပေးမှုကိုခံရပြီး ပြန်ထွက်လာနိုင်ခဲ့သလို ဆရာဖြစ်သူ "ထိုးလုဆင်း" ရဲ့ တာဝန်ပေးချက်အရ "လင်းနိုဂိုဏ်းချုပ်" ရဲ့ ဇာတိမှန်ကို ဖော်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။
"ချင်းဖုံ" နဲ့ "သိုင်းလောကအကျဥ်းထောင်ပိုင်ရှင်" ရဲ့ တပည့် "မိရှန်" တို့ဟာ ခေတ်ပန်းဂိုဏ်းသား "ချမ်းချမ်း" ရဲ့အကူအညီနဲ့ လိုက်လံစုံစမ်းရင်း ထိပ်သီးသိုင်းပညာရှင်တွေကို "သိုင်းလောက အကျဥ်းထောင်" ထဲရောက်အောင် လှုံ့ဆော်ဖြားယောင်းပြီး သိုင်းလောကမှာ ဗိုလ်ကျစိုးမိုးချင်တဲ့ "လင်းနိုဂိုဏ်းချုပ်" ရဲ့ ရည်ရွယ်ချက်ကို သိရှိလာသလို "ဂိုဏ်းကြီး ၁၂ ဂိုဏ်း" ထံက "ရွှေသော့ ၁၂ ချောင်း" ကို ရယူပြီး "အသက်ရှည်ဆေး" နဲ့ "သိုင်းကျမ်း" ကို ရယူဖို့ ကြံစည်ထားတာကိုပါ သိလာရပါတယ်။
ဒီအကြောင်းတွေကို "ချင်းဖုံ" က "ဂိုဏ်းကြီး ၁၂ ဂိုဏ်း" ကို အသိပေးဖို ကြိုးစားခဲ့ပေမယ့် အချိန်မမီတော့ဘဲ သော့တွေက ပျောက်ဆုံးကုန်တဲ့အပြင် သူ့ကိုလည်း "လင်းနို့ဂိုဏ်းသား" အဖြစ် အထင်လွဲခံရပြီး အဆိုးထဲက အကောင်းအဖြစ် သူ့မိခင်ဟာ ဝါစန်းဂိုဏ်းချုပ်ရဲ့သမီး "စုမာရှုချင်း" ဖြစ်ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းတွေကို သိလာခဲ့ရကာ နောက်ဆုံးမှာ မိခင်နဲ့ ပြန်ဆုံခဲ့ပါတယ်။
အဲဒီနောက်မှာတော့ သိုင်းလောကကို စိုးမိုးဖို့ "မွန်ဂို" တွေရဲ့ အထောက်အပံ့ကို ရယူကြိုးစားနေတဲ့ "လင်းနိုဂိုဏ်းချုပ်"၊ "သိုင်းလောကအကျဥ်းထောင်ပိုင်ရှင်" ကို တုပြိုင်အံတုလာတဲ့ "သိုင်းလောကအကျဥ်းထောင်ပိုင်ရှင်အသစ်"၊ ဒုစရိုက်သမားတွေကို ဖော်ထုတ်နေတဲ့ တပ်မှူးကြီး "ပေဖုံးဒင်"၊ ပြည်မသိုင်းလောကကို စိန်ခေါ်လာတဲ့ မွန်ဂိုသိုင်းသမား "ဟာလာ" နဲ့ သိုင်းပါရဂူ "ကပ်ရှမ်း" ရဲ့ တပည့်ဖြစ်လာတဲ့ "ချင်းဖုံ" တို့ ရင်ဆိုင်မိတဲ့အခါ ... ။
📚 ၃ အုပ်တွဲ