ကျယ်ပြောလှတဲ့ "ကောပိသဲကန္တာရ" ကြီးထဲမှာ ကျောက်စိမ်းနဲ့ တည်ဆောက်ထားတဲ့ ရွှေဟင်္သာနန်းတော်ကြီး တည်ရှိပြီး အဲဒီနန်းတော်ကြီးထဲမှာ အဖိုးတန် ရတနာပစ္စည်းများစွာနဲ့အတူ အဆင့်မြင့်သိုင်းကျမ်းတွေ ရှိနေတယ်ဆိုတာ သိုင်းလောကရဲ့ဒဏ္ဍာရီ ပုံပြင်တစ်ခု ဖြစ်ပါတယ်။
အဲဒီ ဒဏ္ဍာရီ ပုံပြင်ထဲက နန်းတော်ကြီးထဲ ဝင်ရောက်နိုင်ခဲ့တဲ့ "မိုးဟိန်းဓါးသမား စိတ်ကျုံး" နဲ့ သိုင်းလောကကို ချုပ်ကိုင်လွှမ်းမိုးဖို့ ကြံရွယ်နေတဲ့ "ဝိညာဥ်သိုင်းဧကရာဇ် စီးမိန်ရှု" တို့ ထိပ်တိုက် ရင်ဆိုင်မိတဲ့အခါ ... ။
(ရဲမာန်အောင် ရဲ့ "ရွှေဟင်္သာ မဟူရာဓါး"၊ ၄ အုပ်တွဲသိုင်းစာစဥ်ဟာ "မိုးကျော်သူ" ရဲ့ "ရွှေရဲဒင်းနှင့် ကျောက်စိမ်းပုဆိန်"၊ ၃ အုပ်တွဲသိုင်းစာစဥ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။"ရွှေဟင်္သာ မဟူရာဓါး" ကို ၁၉၈၅ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပြီး "ရွှေရဲဒင်းနှင့် ကျောက်စိမ်းပုဆိန်" ကိုတော့ ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၄ အုပ်တွဲ