မိုးမြေရဲတိုက်ပိုင်ရှင် မိုးမြေသိုင်းသမား "စုရှောင်ဖုန့်" ဟာ သွေးသောက်ညီအစ်ကို "ကျင့်ယန်ဟောင်" ရဲ့ လက်ချက်ကြောင့် သေဆုံးသွားပြီးနောက် ရဲတိုက်သခင်လေး "စုစိန်ရှန်း" ဟာ အိမ်ထိန်းကြီး မိုးကြိုး "လွေကန်း" နဲ့အတူ "အထီးကျန်တောင်ကြား" ကို ရောက်လာခဲ့ပြီး အထီးကျန်အဖိုးအို "ကန်းပုအိ" ထံမှာ "အနန္တသိုင်းပညာ" ကို ၉ နှစ်ကြာ ပညာသင်ကြားခဲ့ပါတယ်။
ဆရာဖြစ်သူရဲ့ ပြောကြားချက်အရ "ကျင့်ယန်ဟောင်" နဲ့ "စုစိန်ရှမ်း" တို တိုက်ခိုက်ကြတဲ့ "စုန်စီတောင်တိုက်ပွဲ" မှာ သံသယဖြစ်စရာတွေ တွေ့ရှိလာရတာကြောင့် "စုစိန်ရှန်း" ဟာ အဲဒီတိုက်ပွဲမှာ သက်သေအဖြစ် ပါဝင်ခဲ့သူ ရှောင်လင်ဂိုဏ်းချုပ်ကြီး "စိန်အင်း" ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ရှောင်လင်ကျောင်းကို ရောက်ရှိတဲ့အခါမှာတော့ ရှောင်လင်ဂိုဏ်းချုပ်ကြီး "စိန်အင်း" က ပျောက်ဆုံးနေပြီး သူ့ကိုဖမ်းဆီးသွားတယ်လို ယူဆရတဲ့ "အရိပ်မဲ့လူ" ကိုသာ တွေ့ရှိရတာကြောင့် "အရိပ်မဲ့လူ" ကို ဖော်ထုတ်နိုင်ဖို "အရိပ်မဲ့လူ" ရဲ့ လက်ရေးကို တိုက်ဆိုင်စစ်ဆေးပေးနိုင်မယ့် ညာဏ်ကျယ် စာပေသမား "ရိရိ" ဆီကို ရောက်လာခဲ့ပါတယ်။
"ရိရိ" ရဲ့ ဖော်ထုတ်ပေးချက်အရ "အရိပ်မဲ့လူ" ရဲ့ လက်ရေးဟာ ရှောင်လင်ဂိုဏ်းချုပ်ကြီး "စိန်အင်း" ရဲ့ လက်ရေးနဲ့အတူတူဖြစ်ကြောင်း သိရတဲ့အတွက် "စုစိန်ရှန်း" တိုလည်း ခြေရာခံရာမှာ အထူးကျွမ်းကျင်တဲ့ ခွေးဘုရင် "ထိုက်ထင်းရှိန်" ရဲ့အကူအညီနဲ့ ရှာဖွေနေကြစဥ်မှာ "အရှေ့ပင်လယ်" က မရဏမီးအိမ်ရှင် "ရှောင်ချုံ" နဲ့ အဖွဲ ကလည်း ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
ဒီလိုနဲ့ "စုစိန်ရှန်း" တို့အဖွဲဟာ ဂိုဏ်းက ထွက်ပြေးလာတဲ့ မိုးဂိုဏ်းဝင် "ချင်းယန်လန်" နဲ့ "ကျင်းရှောင်ပန်း" တိုကို ကယ်တင်မိခဲ့တာကြောင့် ဒီဖြစ်ရပ်တွေမှာ နောက်ကွယ်က ပါဝင်နေတဲ့ "မိုးဂိုဏ်း" အကြောင်းကို တစ်စထက်တစ်စ သိရှိလာခဲ့ကြပြီး နောက်ဆုံးမှာတော့ "အရိပ်မဲ့လူ" အဖြစ် ရုပ်ဖျက်နေထိုင်ရင်း တရားခံအစစ်ကို ရှာဖွေနေတဲ့ "ကျင့်ယန်ဟောင်"၊ သိုင်းထိပ်သီးများစွာကို အဆိပ်နဲ့ ထိန်းချုပ်စေခိုင်းနေတဲ့ မိုးဂိုဏ်းချုပ် "ချင်းယန်ဖိန်"၊ အလိုလောဘကြီးမားတဲ့ စာပေသမား "ရိရိ" နဲ့ သိုင်းလောကသားတွေ မက်မောကြတဲ့ "ကိုးပါးသိုင်းကျမ်း" တို့ရဲ့ အရှုပ်တော်ပုံဟာ ... ။
📚 ၃ အုပ်တွဲ