စိတ်ထားကောင်းသလို စိတ်ထင်ရာလည်း လုပ်တတ်တဲ့ "မာကျင်း" တစ်ယောက် မတရားတဲ့ ပြိုင်ပွဲတစ်ခုမှာ အားနည်းသူဘက်က ဝင်ရောက်ကူညီပေးခဲ့ရာက ကျေးတောသား "ချင်းမု" ရဲ့ လက်ဆောင်ပေးမှုနဲ့ လျှို့ဝှက်သိုင်းလင်္ကာစာအုပ် ရရှိခဲ့ပြီးနောက် "ချန်ကျန်းမြစ်" အောက်မှာရှိတဲ့ လျှို့ဝှက်လိုဏ်ဂူထဲက ရှောင်လင်ဂိုဏ်းချုပ်ဟောင်း "ခူးကျည်းဆရာတော်" ရဲ့ "အူစူးဝိုးလုံး" သိုင်းကျမ်း နဲ့ "အဆိပ်သင့်ဓါး" ကို ရရှိခဲ့ပါတယ်။
လူငယ်သိုင်းသမားတစ်ယောက်ဖြစ်တဲ့ "လင်ရွန်ဝိုက်" ဟာလည်း "မီးသိုင်းပညာ" လေ့ကျင့်ရင်း မျက်နှာပျက်စီးခဲ့ရတာကြောင့် မျက်နှာဖုံးစွပ်လှုပ်ရှားခဲ့တဲ့အတွက် "မျက်နှာဖုံးရှင်" လို သိုင်းလောကမှာ နာမည်ရလာပြီး သူဟာလည်း အဖိုးတန် "ပန်းလိပ်ပြာသိုင်းကျမ်း" ကို ရရှိထားခဲ့ပါတယ်။
လက်ရှိ ရှောင်လင်ဂိုဏ်းချုပ်ကြီး "ခူချန်ဆရာတော်" က "အူစူးဝိုးလုံး" သိုင်းကျမ်း ရရှိဖို့အတွက် သိုင်းလောကရဲ့ အလှမယ် "လီထိန်လင်း" ကို အသုံးချပြီး "မာကျင်း" ကို မြှူဆွယ်စေခိုင်းခဲ့သလို ပီကင်းမြိုတော်မှာရှိတဲ့ ဘုရင်ကလည်း သိုင်းစွမ်းထက်မြက်သူတွေက သူ့ရဲ့ ထီးနန်းကို လုယူမှာ စိုးရိမ်စိတ်နဲ့ "မာကျင်း" ရဲ့ "အူစူးဝိုးလုံး" သိုင်းကျမ်းနဲ့ "လင်ရွန်ဝိုက်" ရဲ့ "ပန်းလိပ်ပြာ" သိုင်းကျမ်းတို့ကို ရရှိဖို ကြိုးစားလာခဲ့ပါတယ်။
လောဘတက်နေတဲ့ ရှောင်လင်ဂိုဏ်းချုပ် "ခူချန်ဆရာတော်" ဟာ အလှမယ် "လီထိန်လင်း" ရဲ့ ကြိုးပမ်းမှုကြောင့် "အူစူးဝိုးလုံး" သိုင်းကျမ်းကို ရရှိခဲ့ပေမယ့် လောဘကို အတောမသတ်နိုင်တော့ဘဲ ဘုရင်ကို လုပ်ကြံပြီး နန်းတက်ဖို့အထိ ကြံရွယ်လာတဲ့အခါ ... ။
📚 ၃ အုပ်တွဲ