လျှို့ဝှက်မှုခင်းတွေကို စုံစမ်းဖော်ထုတ်လေ့ရှိတဲ့ နာမည်ကျော် မျက်ခုံးမွေး ၄ ခုရှင် "လုရှောင်ဖုန့်" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လုရှောင်ဖုန့်" ဟာ ချစ်သူ "စုယုံယုံ"၊ အဖော်မိန်းကလေးတွေဖြစ်တဲ့ "အန်းကော့"၊ "ဟုန်ရှူး" တို့နဲ့အတူ ကမ်းခြေမှာ အနားယူနေစဥ် "မီးလျှံနဂါးအဖွဲ့" က "စန်းရှောင်ကျူး" နဲ့ ရေနတ်မင်း "ထန်ချူရင်း" တို့က အဆိပ်ငွေ့နဲ့ လုပ်ကြံတိုက်ခိုက်ခဲ့ကြတဲ့အတွက် သေလုဆဲဆဲ ဖြစ်ခဲ့ရပြီး တောင်ပိုင်းသခင်မ "ဟန်စုရင်" က ဝင်ရောက်ကယ်တင်ပေးခဲ့တာကြောင့် အသက်မသေခဲ့ပေမယ့် "စုယုံယုံ"၊ "အန်းကော့"၊ "ဟုန်ရှူး" တို့ကတော့ "တာမင်တန်ကျွန်း" ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရပါတယ်။
တကယ်တော့ တောင်ပိုင်းသခင်မ "ဟန်စုရင်" (ခ) "စန့်ကွမ်မု" ဟာ သူမရဲ့ ဖခင် "ဟန်ဝုစွန်း" ထံ သူဌေးကြီး "နန်းကုန်းဆက်" က အပ်နှံထားတဲ့ အဖိုးတန် "နဂါးအမောက်ကျောက်စိမ်းပြား" ကို ပညာသင်ဘက် "ယန်ရှောင်ဖေး" က "ကျားလက်ဝါးဂိုဏ်း" နဲ့ ပူးပေါင်းပြီး လုယူသွားတဲ့အတွက် လိုက်လံရှာဖွေနေသူဖြစ်သလို "ယန်ရှောင်ဖေး" ရဲ့ သစ္စာဖောက်မှုကြောင့် ဖခင်နဲ့ အစ်ကို ဖြစ်သူကို ဆုံးရှုံးထားခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါကြောင့် ပျောက်ဆုံးသွားတဲ့ "နဂါးအမောက်ကျောက်စိမ်းပြား" ပြန်ရဖို့နဲ့ ဖမ်းဆီးခံရသူတွေ ပြန်လည်လွတ်မြောက်ဖို့ "လုရှောင်ဖုန့်" နဲ့ "ဟန်စုရင်" တို့ အတူကြိုးစားခဲ့ကြရာမှာ သူခိုးဝိဇ္ဇာ ကြယ်ချွေ "ဆက်တူ" နဲ့ တံခွန်တိုင်ဓါးသမား "လုပင်း" တို့ကလည်း ပါဝင်ကူညီပေးခဲ့ကြပါတယ်။
"တာမင်တန်ကျွန်း" ဟာ ဒုစရိုက်သမားတွေ စုစည်းနေထိုင်ကြတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပြီး "မီးလျှံနဂါးအဖွဲ့"၊ "ကျားလက်ဝါးဂိုဏ်း"၊ "ကင်းမြီးကောက်ဂိုဏ်း"၊ "နတ်မိမယ်ဂိုဏ်း" စတဲ့ ဂိုဏ်းပေါင်းစုံကလည်း "ကျားလက်ဝါးဂိုဏ်း" က လုယက်လို့ရလာတဲ့ "နဂါးအမောက် ကျောက်စိမ်းပြား" ကို အပိုင်စီးဖို အသီးသီး ကြိုးစားနေကြပါတယ်။
အဲဒီအချိန်မှာ "စန့်ကွမ်းမု" ကို ကင်းမြီးကောက်ဂိုဏ်းချုပ် "ရဲ့ယန်ကျင်း" က ဖမ်းဆီးကာ လက်ထပ်ဖို့ ကြိုးစားခဲ့တဲ့အတွက် "လုရှောင်ဖုန့်" တို့လူစုလည်း လိုက်လံကယ်တင်ခဲ့ကြပေမယ့် သူတို့အားလုံးပါ အဖမ်းခံခဲ့ကြရပြီးနောက်မှာတော့ ... ။
📚 လုံးချင်း