လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က နှင်းတောင်နတ်မယ် "ဝါပင်" ရဲ့ဖခင် "ဝါဆန်း" ဟာ "ထန်ကျင်းထင်း" ရဲ့ ဖခင် "ထန်ရှောင်လန်" ကို ရှုးနိမ့်ခဲ့တဲ့အတွက် တိဗက်ဒေသကို ရွှေ့ပြောင်းအခြေချနေထိုင်ရင်း "ထန်ရှောင်လန်" ရဲ့ "ထင်ဆန်းဓါးသိုင်း" ကို ချေဖျက်နိုင်မယ့် သိုင်းပညာကို တီထွင်ခဲ့ပါတယ်။
"ဝါဆန်း" နဲ့ "ထန်ရှောင်လန်" တိုရဲ့ကြားမှာ ပညာမာနအပြင် တခြားကြီးမားတဲ့ ရန်ငြိုးရန်စ မရှိခဲ့တာကြောင့် နှင်းတောင်နတ်မယ် "ဝါပင်" နဲ့ "ထန်ကျင်းထင်း" တို့လက်ထက်မှာတော့ သူတိုနှစ်ဦးဟာ မိဘတွေရဲ့ ရန်ငြိုးကို သင်ပုန်းချေပြီး ချစ်သူတွေ ဖြစ်လာခဲ့ကြပါတယ်။
အဲဒီအချိန်ဟာ "တရုတ်နိုင်ငံ" ကို "မန်ချူး" တွေ သိမ်းပိုက်အုပ်ချုပ်နေတဲ့အချိန်ဖြစ်ပြီး မန်ချူးဘုရင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကျရောက်နေတဲ့ "တိဗက်ဒေသ" ကို ကျူးကျော်သိမ်းပိုက်ဖို့ အိမ်နီးချင်း "နီပေါနိုင်ငံ" နဲ့ "အိန္ဒိယနယ်စား" တွေကလည်း တာစူနေကြပါတယ်။
ဟန်တရုတ်လူမျိုးဖြစ်တဲ့ "ထန်ကျင်းထင်း" တို့ဟာ မန်ချူးဘက်တော်သားတွေ မဟုတ်ကြပေမယ့် "တိဗက်ဒေသ" ကို အခြားလူမျိုးတွေအုပ်စိုးသွားမှာထက် မန်ချူးတွေ အုပ်စိုးတာကိုပဲ ပိုမိုလိုလားကြတာကြောင့် ပြည်ပရေးရာမှာတော့ မန်ချူးတွေဘက်က ရပ်တည်ပေးခဲ့သလို နီပေါမင်းသမီးတစ်ပါးဖြစ်သူ "နှင်းတောင်နတ်မယ်" ကလည်း "တရုတ်နိုင်ငံ" နဲ့ "နီပေါနိုင်ငံ" တို့ စစ်မက်မဖြစ်ရအောင် ကြားဝင်ကာကွယ်ခဲ့ပါတယ်။
ဒီလို တိုင်းရေးပြည်ရာ ရှုပ်ထွေးမှုတွေကြားမှာ ငယ်စဥ်ကတည်းက ခက်ခဲဆင်းရဲစွာ ကြီးပြင်းလာရတာကြောင့် လောကကြီးကို စိတ်နာပြီး စိတ်ထင်ရာလုပ်ခဲ့ရာက လူဆိုးတစ်ပိုင်းဖြစ်နေရသူ "ကျန်းဆက်ရီ"၊ မန်ချူးတွေကို ခုခံတိုက်ခိုက်ခဲ့ပေမယ့် ပြည်ပနိုင်ငံတွေရဲ့ သိမ်းသွင်းမှုကိုတော့ လက်မခံသူ "လုံလင်ကျောင်း"၊ အရာရှိအချင်းချင်း ချောက်ချမှုကြောင့် ဝေးလံတဲ့ တိဗက်ဒေသမှာ တာဝန်ချခံရတဲ့ တရုတ်အရာရှိကြီး "ချန်ကျီး" နဲ့ သားဖြစ်သူ "ချန်ထင်း"၊ "ချန်ထင်း" တို အိမ်မှာ အိမ်ဖော်အဖြစ် ကြီးပြင်းလာခဲ့ပြီး အိမ်သားအဖြစ်မြှောက်စားခံရတဲ့ စကားအလွန်များသူ "ကျန်နန်း" တို့ရဲ့ ဇာတ်လမ်းဟာ ... ။
📚 ၄ အုပ်တွဲ