သိုင်းလောကထိပ်သီး ၆ ယောက်ရဲ့ လက်ချက်နဲ့ မိခင် "မေ့ရှမ်းကျင့်" သေဆုံးသွားပြီးနောက် "ပိုင်ရိချီ" တို သားအဖဟာ ထင်းရှူးတောထဲမှာ လာရောက် တိမ်းရှောင်နေထိုင်ခဲ့ပေမယ့် ရန်သူတွေက ခြေရာခံလိုက်လာခဲ့ကြပြီး ဖခင်ဖြစ်သူ "ပိုင်ယင်စိမ်း" ပါ သေဆုံးသွားခဲ့ရပါတယ်။
"ပိုင်ရိချိ" ကို "ကျောက်စိမ်းဓါးသမား" က ကယ်တင်ကာ သိုင်းပညာ သင်ပေးခဲ့ပြီး ရန်သူတော် ဝူတန်ဂိုဏ်းသား "ဝူချင်း" ရဲ့ "သွေးအရိပ်" သိုင်းကွက်ကို နည်းလမ်းရှာ ချေဖျက်ဖို့ မှာကြားခဲ့တဲ့အတွက် သိုင်းလောကထဲ ဆင်းလာတဲ့ "ပိုင်ရိချိ" ဟာ ... ။
(အပိုင်းတစ်ပိုင်း ကို ခေါင်းစဥ်တစ်မျိုးပေးလေ့ရှိတဲ့ ရှေးဟောင်းစာစဥ်တွဲတွေရဲ့ ထုံးစံအတိုင်း "ထင်းရှူးတောမှ ပုလွေသံ" စာစဥ်တွဲမှာ "ထင်းရှူးတောမှ ပလွေသံ"၊ "တရားဘက်တော်သား သိုင်းသမား"၊ "ဘီလူးကိုးဖော်နှင့် သွေးအရိပ်သိုင်းကွက်"၊ "နှောင်ကြိုးမဲ့ သိုင်းသမား"၊ "သွေးအရိပ်လက်ဝါး ကျောက်စိမ်းဓါး"၊ "ချယ်ရီပွင့်ချိန်" နဲ့ "သိုင်းသမားကောင်းတို အားမာန်" ဆိုတဲ့ အပိုင်း ၇ ပိုင်း ပါဝင်ပါတယ်။)
📚 ၇ အုပ်တွဲ