မင်းမှုထမ်းတွေနဲ့ ခပ်ကင်းကင်းနေလေ့ရှိတဲ့ တကိုယ်တော်သိုင်းသမား တိုင်းလုံးကျော် "ဝမ်ရဲ" ဟာ နန်းတွင်းအထိန်းတော် "ချန်စူးဟုန်" သေဆုံးမှုကြောင့် ဖြစ်ပေါ်လာတဲ့ "ယီရှိန်း" မြိုစား "ဝမ်းပန်" ရဲ့ သမီး "မဗေဒါ" နဲ့ ဝူယန်နယ်ပိုင် "လန်းလိန်" တို့ရဲ့ ပြသနာကြားမှာ ဝင်ပါမိခဲ့ရာ မင်းမှုထမ်းတွေနဲ့ ပတ်သက်ခဲ့ရသလို "ချန်စူးဟုန်" သေဆုံးမှုဟာလည်း သာမန် လူမှုရေး လက်စားချေမှု ပြဿနာကနေ နန်းတွင်းအာဏာလုပွဲအထိ ရှုပ်ထွေးနေတာကို သိခဲ့ရပါတယ်။
မြို့စားသမီး "မဗေဒါ"၊ နယ်ပိုင်သမီး "လန်းလိန်"၊ အဆိပ်ပိုးစံအိမ်သခင်မ "ဟဲနန်" တို့လို ထိတ်ထိတ်ကြဲ မိန်းမလှလေးတွေသာမက ရံရွှေတော်တွေဖြစ်တဲ့ "ရွှေဝါ"၊ "ရှဲယံ"၊ "လွမ်းကျင့်" တို့ရဲ့ အချစ်ကိုရခဲ့တဲ့ "ဝမ်ရဲ" တစ်ယောက် မိန်းမလှလေးတွေရဲ့ ကူညီမှုတွေနဲ့ အမျိုးမျိုးသော ပြသနာတွေကို ဖန်တီးနေတဲ့ "ထူးလုံဂိုဏ်း" ကို နှိမ်နင်းနိုင်ခဲ့သလို နောက်ကွယ်က ကြိုးကိုင်နေတဲ့ "ထူးလုံဂိုဏ်းချုပ်ကြီး" ကို ဖော်ထုတ်နိုင်တဲ့အခါ ... ။
📚 ၈ အုပ်တွဲ