မိုးသည်းထန်နေတဲ့ ညတစ်ညမှာ "ခရေပန်း သိုင်းသမား သန်းချမ်းမင်း" ဟာ "တစ္ဆေအရိပ် ချမ်းမိုးမွန်း" ရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရပြီး တစ်နှစ်သားအရွယ် "သန်းလုံး" ဟာ မိခင်ဖြစ်သူ "ချွေ့ဝါး"နဲ့အတူ ဆင်းရဲပင်ပန်းစွာ ကျန်ရစ်ခဲ့ရပါတယ်။
"ချွေ့ဝါး" ဟာ "ချမ်းမိုးမွန်" ကို လက်စားချေနိုင်မယ့် ထိပ်တန်းသိုင်းပညာရဖိုအတွက် "ရှောင်လင်ဂိုဏ်း"၊ "ဝူတန်ဂိုဏ်း"နဲ့ "ခွန်လွန်ဂိုဏ်း" တိုက သိုင်းကျမ်းတွေ ခိုးယူပေမယ့် မအောင်မြင်ခဲ့ဘဲ အသက်ပါပေးလိုက်ရပြီးတဲ့နောက်မှာ "သန်းလုံး" ဟာ ဖခင်ကို နာကျည်းနေတဲ့ တကောင်ကြွက်ဘဝနဲ့ ရှင်သန်လာခဲ့ရပါတယ်။
တစ်နေ့မှာတော့ မမျှော်လင့်ဘဲ ဘုံကျောင်းပျက်တစ်ခုထဲက "ကျန်းနန်း" အဖွဲ့ခေါင်းဆောင် "ယန်စွေ့မင်း" ရဲ့ သိုင်းကျမ်းကို ရရှိခဲ့သလို "အရိုးဖြူတောင်" မှာ လိုဏ်ဂူထဲ ပိတ်မိနေတဲ့ "သွေးနဂါး" နဲ့ ဆုံတွေ့ပြီး သိုင်းပညာ တတ်မြောက် ထူးချွန်လာခဲ့ပါတယ်။
အဲဒီနောက် "သန်းလုံး" ဟာ ဆရာဖြစ်သူ "သွေးနဂါး" ရဲ့ စေခိုင်းချက်အရ "ဒုတိယ သွေးနဂါး" အဖြစ် သိုင်းလောကထဲ ဆင်းလာပြီး ဆရာ့ရဲ့ ရန်သူတော် လူ ၈ ယောက်ကို ရှင်းလင်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ "သွေးနဂါး" အတုတစ်ယောက် ထပ်မံ ပေါ်ပေါက်လာတဲ့အတွက် အယောင်ဆောင်သူကို စုံစမ်းဖော်ထုတ်ရင်း သိုင်းလောကကို ချုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ "မိုးပြာဂိုဏ်း" နဲ့ ရင်ဆိုင်အတွေ့မှာ မျက်နှာကို ဖျက်ဆီးခံလိုက်ရပြီး နောက်မှာတော့ ... ။
("မိုးကျော်သူ" ရဲ့ "သွေးနဂါးနှင့် နှစ်တရာက ပန်းကန်ကွဲ"၊ ၃ အုပ်တွဲ သိုင်းစာစဥ်ဟာ "တက္ကသိုလ်ဘုန်းကြွယ်" ရဲ့ "သိုင်းပိုးပုဝါ"၊ ၂ အုပ်တွဲ သိုင်းစာစဥ်နဲ့ ဇာတ်လမ်းဇာတ်ကွက် အနည်းငယ်ကလွဲပြီး အားလုံး အတူတူပဲ ဖြစ်ပါတယ်။ "သွေးနဂါးနှင့် နှစ်တရာက ပန်းကန်ကွဲ" ကို ၁၉၈၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "သိုင်းပိုးပုဝါ" ကိုတော့ ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၃ အုပ်တွဲ