တချိန်က မြဝတီရုပ်မြင်သံကြားမှာ စောင့်မျှော်ကြည့်ခဲ့ရတဲ့ "ပိုးမင်းသားရဲ့သိုင်းဝိညာဥ်" ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို သိုင်းလောကသားတွေ မှတ်မိကြဦးမယ်ထင်ပါတယ်။
"ဝူတန်" တောင်ပေါ်က တစ်ကောင်ကြွက် မိဘမဲ့ လူငယ်လေး "ယွင်ဖေးရန်" ဟာ သိုင်းပညာသင်ခွင့်မရတဲ့ အလုပ်သမားအဖြစ်နဲ့ကြီးပြင်းလာခဲ့ရပေမယ့် အမည်မသိ မျက်နှာဖုံးစွပ် သိုင်းပညာရှင်တစ်ယောက်ရဲ့ ညစဥ် ခိုးဝှက်သင်ကြားပေးမှုကြောင့် ထိပ်တန်းသိုင်းပညာတွေ တတ်မြောက်ခဲ့ရပါတယ်။
ခေတ်အဆက်ဆက်မှာ မသင့်မြတ်ခဲ့ကြတဲ့ "ဝူတန်ဂိုဏ်း" နဲ့ "ဝူတိဂိုဏ်း" တို့ဟာ ဆယ်နှစ်တကြိမ် သိုင်းယှဥ်ပြိုင်ခဲ့ကြပြီး လက်ရှိ ဝူတန်ဂိုဏ်းချုပ် "ချင်းစုန်" လက်ထက်မှာတော့ "သွေးလက်ဝါးသိုင်း" ရဲ့ အစွမ်းနဲ့ "ဝူတိဂိုဏ်း" က ဆက်တိုက်အနိုင်ရနေခဲ့တာကြောင့် လာမယ့်ပြိုင်ပွဲမှာ အနိုင်ရဖို "ဝူတန်ဂိုဏ်း" က မျှော်လင့်ထားပေမယ့်လည်း ... ။
📚 ၆ အုပ်တွဲ