စာရေးဆရာကြီးကျင်းယုံရဲ့ ၁၁ အုပ်မြောက် သိုင်းဝတ္ထုဖြစ်ပြီး ၁၉၆၃ ကနေ ၁၉၆၆ အထိ ဟောင်ကောင် "မင်ပေါင်" သတင်းစာနဲ့ စင်္ကာပူ "နန်ယန်းရှန်ပေါင်" သတင်းစာတိုမှာ အခန်းဆက် ဖော်ပြခဲ့ပါတယ်။
မူရင်းဝတ္ထုရဲ့ နာမည်က Demi-Gods and Semi-Devils ပါ။
စုန့်ခေတ်ကို ဇာတ်အိမ်တည်ထားတဲ့ ဒီဝတ္ထုမှာ လျောင်တိုင်းပြည်၊ တာ့လီတိုင်းပြည်၊ ရှားတိုင်းပြည် စတဲ့ တိုင်းနိုင်ငံအစုံ၊ သိုင်းဂိုဏ်းအစုံပါဝင်ပြီး "တိမ်လွှာနဂါး သူရဲကောင်းများ" အမည်နဲ့လည်း ရုပ်သံဇာတ်လမ်းတွဲ ထွက်ရှိခဲ့ပါတယ်။
📚 ၁၄ အုပ်တွဲ