"လူအင်း"၊ "ဝမ်ပိ"၊ "ကျူဟုန်း" နဲ့ "ကျူချန်းကျင်း" တို့ဟာ အလွန်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး နယ်ချဲ့မန်ချူးတွေကို တော်လှန်ရာမှာ ပူးပေါင်းပါဝင်ဖို့အတွက် မျိုးချစ်သိုင်းသမား "ဝန်တိလုံ" နဲ့ "ဝါစန်းတောင်" မှာ ချိန်းဆို တွေ့ဆုံခဲ့ကြပါတယ်။
ဒါပေမဲ့ သူငယ်ချင်း ၄ ဦးအနက် "လူအင်း" တစ်ယောက်သာ ပြန်ရောက်လာနိုင်ခဲ့ပြီး "ဝန်တိလုံ" ရဲ့ သစ္စာဖောက်မှုကြောင့် "ဝမ်ပိ"၊ "ကျူဟုန်း" နဲ့ "ကျူချန်းကျင်း" တို့ သေဆုံးသွားကြပြီလို့ "လူအင်း" က ပြောဆိုခဲ့ပေမယ့် သူငယ်ချင်း ၃ ယောက်ရဲ့ ကျန်ရစ်သူ ဇနီးသည်တွေက မယုံကြည်ခဲ့ကြပါဘူး။
ဒါကြောင့် သူငယ်ချင်း ၃ ယောက်ရဲ့ ဇနီးသည်တွေဟာ သားသမီးတွေကို ခေါ်ဆောင်ကာ ဒေသအသီးသီးမှာ ဇာတ်မြှုပ်နေထိုင်ခဲ့ကြပြီး ကလေးတွေ ကြီးပြင်း အရွယ်ရောက်လာတဲ့အခါ "ဝါစန်းတောင်" မှာ ပြန်ဆုံကြဖို့နဲ့ သစ္စာဖောက်ကို ဝိုင်းဝန်းဖော်ထုတ် လက်စားချေဖို တိုင်ပင်ခဲ့ကြပါတယ်။
၁၈ နှစ်ကြာမြင့်ပြီးတဲ့နောက် "ကျူချန်းကျင်း" ရဲ့သား "ကျူဖုန်း"၊ "ဝမ်ပိ" ရဲ့ သား "ဝမ်ယုဟိုက်"၊ သမီး "ဝမ်ရွက်ရှ"၊ "ကျူဟုန်း" ရဲ့သား "ကျူစုဟန်း" တို့ဟာ မိခင်တွေရဲ့မှာကြားချက်အတိုင်း သိုင်းလောကထဲ ဆင်းလာရင်း စုစည်းမိခဲ့ကြပါတယ်။
မန်ချူးအလိုတော်ရိဖြစ်နေတဲ့ "လူအင်း" ကို "ကျူဖုန်း" တို့ လူငယ်တစ်စုက လက်စားချေဖို့ ကြိုးစားကြတဲ့အခါ မျိုးချစ်ပုဂ္ဂိုလ် "ဝန်တိလုံ" ရဲ့ သား "ယင်းလုံ" နဲ့ သမီး "ယင်းဟုန်" တို့ကလည်း ပါဝင်ကူညီခဲ့ကြပြီး "လူအင်း" ရဲ့ သမီး "ကျင်းကျင်း" ကတော့ ဖခင်နဲ့ အမှန်တရားကြားမှာ ဘယ်ဘက်ကို ရပ်တည်ရမှန်းမသိ ဗျာများနေခဲ့ရပါတယ်။
အဲဒီနောက် ထိပ်တန်းသိုင်းပညာရှင်ကြီးတွေဖြစ်တဲ့ "ငှက်ချစ်သူ အဖိုးအို" နဲ့ "စစ်တုရင် အဖိုးအို" တို့က လူငယ်တွေနဲ့အတူ ပူးပေါင်းပါဝင်လာခဲ့ကြသလို လွန်ခဲ့တဲ့ ၁၈ နှစ်က လုပ်ကြံမှုမှာ ချောက်ထဲပြုတ်ကျခဲ့ပေမယ့် အသက်မသေခဲ့သူ "ကျူဟုန်း" ကိုလည်း ပြန်လည်ကယ်တင်နိုင်ခဲ့ကြပြီးနောက် "လူအင်း" "လူပင်း" အမြွာညီအစ်ကို ရဲ့ လျှို့ဝှက်ချက် ပေါ်ထွက်လာတဲ့အခါ ... ။
📚 ၄ အုပ်တွဲ