အခက်ခဲဆုံး ပြသနာတွေကို ဖော်ထုတ်ဖြေရှင်းလေ့ရှိတဲ့ နာမည်ကျော် ဇာတ်ကောင် "ဆင့်ဆင့်အိ" ပါဝင်တဲ့ သိုင်းဇာတ်လမ်းဖြစ်ပါတယ်။
"လုယန်းမြို"၊ "လုယန်းအာမခံဌာန" ပိုင်ရှင် ကြယ်ပျံ "ယိုစွန်း" နဲ့ အဖွဲသား ၅၀ တိတိ အသတ်ခံရပြီး သူတို့ သယ်ဆောင်လာတဲ့ ရတနာပစ္စည်းတွေအထဲက "ရွှေသရဖူ" တစ်ခု ပျောက်ဆုံးသွားမှုဟာ ပဟေဠိဆန်တဲ့ မှုခင်းတစ်ပုဒ် ဖြစ်နေခဲ့ပါတယ်။
ရိုးသားတဲ့ လူငယ်လေး "ကျူးဝေရှန်း" ဟာ ခရီးထွက်ရင်း တောအုပ်တစ်ခုထဲအရောက် သေအံ့ဆဲဆဲဖြစ်နေတဲ့ လူတစ်ယောက်နဲ့ တွေ့ဆုံမိပြီး အဲဒီလူက အထုပ်လေးတစ်ထုပ်ကို "လိုက်ကျုံးမြို့" က "ရွှေပုစွန်" အပေါင်ဆိုင်ကို ပို့ပေးဖို အကူအညီတောင်းတဲ့အတွက် "ကျူးဝေရှန်း" လည်း သွားရောက် ပို့ဆောင်ပေးခဲ့ပါတယ်။
"ရွှေပုစွန်" အပေါင်ဆိုင်ကို "ကျူးဝေရှန်း" ရောက်တဲ့အခါမှာတော့ ရာဖြတ်အဖိုးအို "မုဝမ်း" ရဲ့လက်ထဲကို လွှပြောင်းပေးအပ်ခဲ့ပေမယ့် လျှပ်တပြက်အတွင်းမှာပဲ "မုဝမ်း" လုပ်ကြံခံလိုက်ရသလို "ရွှေသရဖူ" ကို ထုပ်ပိုးထားတဲ့ အထုပ်ကလေးလည်း ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ "ကျူးဝေရှန်း" တစ်ယောက် ဘုမသိ ဘမသိနဲ့ ပြသနာအရှုပ်အထွေးတွေကြား ဝင်ရောက်မိလျက်သား ဖြစ်ခဲ့ရသလို "ရွှေသရဖူ" နောက်ကို လိုက်နေကြတဲ့ ရတနာသူဌေးမ "အိမေဝါး" နဲ့ ညီမ "အိယိုဝါး"၊ ဓါးပြကြီး "ပါထင်းစု"နဲ့ တပည့် "မြွေပွေးသုံးကောင်" စတဲ့ လောဘသားတွေရဲ့ ဒုက္ခပေးမှုကိုပါ ကြုံရပါတော့တယ်။
ဒါ့အပြင် ဒုစရိုက်သမားတွေဟာ "ရွှေသရဖူ" ရရှိရေးအတွက် "ကျူးဝေရှန်း" ရဲ့ မိခင် "ချန်းဝေ" နဲ့ နှမဖြစ်သူ "ကျူးချင်းချင်း" တို့ကိုပါ ဖမ်းဆီး အကျပ်ကိုင်လာကြပေမယ့် တကယ်ကို "ရွှေသရဖူ" အကြောင်း နကန်းတစ်လုံးမသိတဲ့ "ကျူးဝေရှန်း" ခမျာမှာတော့ ဘယ်လိုမှ မတတ်နိုင်ဖြစ်ခဲ့ရပြီး ... ။
📚၂ အုပ်တွဲ