ကျယ်ပြောလှတဲ့ သဲကန္တာရကြီးထဲမှာ စက်ယန္တယားတွေနဲ့ လျှိဝှက်တည်ဆောက်ထားတဲ့ "သိမ်းငှက်မြိုတော်ကြီး" တည်ရှိပြီး အဲဒီမြိုတော်ကြီးထဲမှာ အဖိုးတန် ရတနာပစ္စည်းများစွာနဲ့အတူ အဆင့်မြင့်သိုင်းကျမ်းတွေ ရှိနေတယ်ဆိုတာ သိုင်းလောကရဲ့ဒဏ္ဍာရီ ပုံပြင်တစ်ခု ဖြစ်ပါတယ်။
အဲဒီ ဒဏ္ဍာရီပုံပြင်ထဲက "သိမ်းငှက်မြိုတော်ကြီး" ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့တဲ့ "ထင်းစန်းဂိုဏ်းချုပ်" လည်းဖြစ်၊ "ခွန်လွန်ဂိုဏ်း" ဝင်လည်းဖြစ်တဲ့ မှဲ့ခုနစ်လုံးရှင် "ငွေရောင်ဓါးသမား စုကျိကျုံး"နဲ့ အသက်ပေးချစ်ရှာတဲ့ မိန်းကလေး "စန်းကွမ်းဝမ်အော့"၊ "မိုးနဂါးတောင်ကြား" က မိန်းမလှလေး "တုံးဖန်းဖိန်"၊ အလိုရမ္မက်ကြီးလွန်းတဲ့ "စီမင်းဟိန်း" တို့ သားအဖ ဇာတ်လမ်းမှာ ... ။
(မိုးကျော်သူ ရဲ့ "ရွှေရဲဒင်းနှင့် ကျောက်စိမ်းပုဆိန်"၊ ၃ အုပ်တွဲသိုင်းစာစဥ်ဟာ "ရဲမာန်အောင်" ရဲ့ "ရွှေဟင်္သာ မဟူရာဓါး"၊ ၄ အုပ်တွဲသိုင်းစာစဥ်နဲ့ ဇာတ်ကောင်နာမည် တချို့နဲ့ ဇာတ်လမ်း၊ ဇာတ်ကွက် အနည်းငယ်ကလွဲပြီး အားလုံးအတူတူပဲ ဖြစ်ပါတယ်။ "ရွှေရဲဒင်းနှင့် ကျောက်စိမ်းပုဆိန်" ကို ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး "ရွှေဟင်္သာ မဟူရာဓါး" ကိုတော့ ၁၉၈၅ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။)
📚 ၃ အုပ်တွဲ