အဖြူရောင် "ရွှေတောင်ဝှေးဂိုဏ်း" နဲ့ အနက်ရောင် "သဲကန္တာရကြယ်ဂိုဏ်း" တိုဟာ အစဥ်အဆက် ရင်ဆိုင်လာခဲ့ကြပြီး အမြဲတမ်း "ရွှေတောင်ဝှေးဂိုဏ်း" က အနိုင်ရခဲ့ပါတယ်။
"သဲကန္တာရကြယ်ဂိုဏ်း" ရဲ့ သုံးဆက်မြောက်ဂိုဏ်းချုပ် "သဲကန္တာရဘီလူး" လက်ထက်မှာတော့ "မိုးနဂါးအတွင်းအားပညာ" ကို အဆင့်ကုန် လေ့ကျင့်အောင်မြင်သွားတာကြောင့် "ရွှေတောင်ဝှေးဂိုဏ်း" ဟာ မယှဥ်နိုင်တော့ဘဲ ပြိုကွဲပျက်စီးသွားခဲ့ရပါတယ်။
"ရွှေတောင်ဝှေးဂိုဏ်းချုပ်"ရဲ့ သားတပည့် "ရှောင်လူး" ဟာ ဆရာဖြစ်သူရဲ့ မှာကြားချက်အတိုင်း "သဲကန္တာရဘီလူး" ရဲ့ "မိုးနဂါးအတွင်းအားပညာ" ကို ယှဥ်ပြိုင်နိုင်တဲ့ "ရေခဲလွန်အတွင်းအားပညာ" ကို သင်ယူနိုင်ဖို့ "တာ့လီပြည်" ကို ထွက်လာခဲ့ပါတယ်။
တကယ်တော့ "သဲကန္တာရဘီလူး" ဟာ "ရှောင်လူး" ကို လက်စတုံးရှင်းပစ်နိုင်ပေမယ့် သူကိုယ်တိုင်လည်း "ရေခဲလွန်အတွင်းအားသိုင်း" ရဲ့ အစွမ်းကို စမ်းသပ်ကြည့်လိုတာကြောင့် မသတ်ဘဲ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီလိုနဲ့ "ရှောင်လူး" တစ်ယောက် "တာ့လီပြည်" ရောက်လာတဲ့အခါ သူနဲ့ရုပ်ချင်းတူညီနေတဲ့ အိမ်ရှေ့မင်းသား "ချန်းတု" နဲ့ ဆုံတွေ့ခဲ့ပြီး ညီအစ်ကိုအဖြစ် မိတ်ဆွေဖွဲ့ခဲ့ရာက အိမ်ရှေ့မင်းသား "ချန်းတု"၊ စစ်သူကြီး "တုဟိုက်"၊ "ယန်ထိုက်နယ်စား" နဲ့ ပညာရှိ "ဝမ်းဝေခုံး" တိုရဲ့ ထီးနန်းလုပွဲ အရှုပ်တော်ထဲ ပါဝင်ပတ်သက်ခဲ့ရပြီး ...။
📚၂ အုပ်တွဲ