ဝိညာဥ်သိုင်းသမား "လုရီ" နဲ့ ဇနီး "ပန်းတရာဒေဝီ" တို့ဟာ ကွယ်လွန်သွားခဲ့ကြပေမယ့် ကောက်ကျစ်တဲ့ "သိမ်းငှက်ဖြူ ပေ့ချူးထင်း" က "လုရီ" အယောင်ဆောင်ပြီး သတ်ဖြတ်မှုတွေ ကျူးလွန်ရုံသာမက သိုင်းလောကကို အုပ်စိုးဖို့ ကြံစည်လာခဲ့ပါတယ်။
ဒီအခါ "ပေ့ချူးထင်း" ကို နှိမ်နင်းဖို့ "လုရီ" ရဲ့ တပည့် "ဝေမင်း" နဲ့ "ပန်းတရာဒေဝီ" ရဲ့ တပည့်မ "စုတုချင်း" တို့ ချစ်သူနှစ်ဦးမှာ တာဝန်ရှိလာတဲ့အတွက် ကြိုးစားနေကြစဥ်မှာပဲ အကွက်ချလုပ်ကြံခံရပြီး "ဝေမင်း" ဟာလည်း သိုင်းလောကရဲ့ လူဆိုးအဖြစ် အထင်မှားခံခဲ့ရပါတယ်။
ညာဏ်ကျယ်လေး "ဝိုကျူးရို" ရဲ့ နှစ်ရှည်လများ စနစ်တကျ အကွက်ချ ကြံစည်မှုတွေနဲ့အတူ "မအိုဆေး"၊ "ပန်းခူးလက်ဝါး" နဲ့ "ပိတုန်းအဆိပ်" ဆိုတဲ့ ရတနာ ၃ မျိုးကို လိုချင်မက်မောကြတဲ့ သိုင်းလောကရဲ့ လောဘသားကောင်တွေနဲ့ "ဝေမင်း"၊ "စုတုချင်း"၊ "ရှိမေ"၊ "ဝူးအန်းတောက်"၊ "ရှမ်းယု" နဲ့ "ကျူးလန်" တို့ရဲ့ ချစ်မေတ္တာသံယောဇဥ်တွေကြားက ရှူပ်ထွေးလှတဲ့ အဖြစ်အပျက်တွေဟာ သူတိုရဲ့ မျိုးဆက်တွေအထိ လက်ဆင့်ကမ်း သယ်ဆောင်သွားကြတဲ့အခါ ... ။
📚 ၁၂ အုပ်တွဲ