သွေးကြောပြတ်တဲ့ရောဂါ မွေးရာပါ ပါလာတဲ့ အမိမဲ့သားလေး "လီကျန့်မင်" ဟာ ဖခင်ဖြစ်သူ "လီအင်း" ရန်သူတွေရဲ့ ဝိုင်းဝန်းလုပ်ကြံခံရပြီး သေဆုံးသွားတဲ့နောက် ကျန်ရစ်တဲ့ ပစ္စည်းဥစ္စာတွေကို အပိုင်စီးချင်တဲ့ အိမ်ထိန်းတွေ၊ အိမ်ဖော်တွေရဲ့ နှိပ်စက်မှုကိုခံရပြီး အိမ်က ထွက်ပြေးလာခဲ့ရပါတယ်။
သိုင်းပညာသင်ပေးဖို့ "ရှောင်လင်ဂိုဏ်း" နဲ့ "ဝါးစမ်းဂိုဏ်း" ကို အားကိုးတကြီး သွားခဲ့ပေမယ့် နှင်လွှတ်ခံခဲ့ရတဲ့ "လီကျန့်မင်" ဟာ ကံကောင်းထောက်မစွာ "အဆိပ်သီး" နဲ့ "ကျောက်ဖျာရည်" ကို စားသောက်ခဲ့ရတဲ့အတွက် သွေးကြောပြတ်ရောဂါ ပျောက်ကင်းခဲ့တဲ့အပြင် ထိပ်တန်းသိုင်းပညာရှင်ကြီးတွေနဲ့ ဆုံဆည်းမိရာက "ကိုယ်တစ်ခု စိတ်နှစ်ထွေပညာ"၊ "ခွေးရိုက်တုတ်သိုင်း"၊ "ကြယ်ကြွေသိုင်း" နဲ့ "ဆည်းဆာလက်ဝါးသိုင်း" တို့ကို တတ်မြောက်ခဲ့ပြီး သိုင်းလောကကို ခြိမ်းခြောက်နေတဲ့ "မြားသုံးစင်းရာဇာ" နဲ့ ရင်ဆိုင်ရတဲ့အခါ ... ။
("မိုးကျော်သူ" ရဲ့ "ကြယ်ကြွေဟန်နှင့် ဆည်းဆာမာန်"၊ ၆ အုပ်တွဲ သိုင်းစာစဥ်ဟာ၂၀၀၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တက္ကသိုလ်ဝင်းကြွယ် ရဲ့ "ကံကြမ္မာလမ်းကြောင်းပေါ်က သိုင်းသမား"၊ ၄ အုပ်တွဲ သိုင်းစာစဥ်၊ ၂၀၀၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ "တက္ကသိုလ်နေလင်းအောင်" ရဲ့ "မိုက်မိုက်မဲမဲစိန်ခေါ်သံ"၊ ၄ အုပ်တွဲသိုင်းစာစဥ်တို့နဲ့ အတူတူပဲဖြစ်ပြီး ဇာတ်ကောင်အမည်နဲ့ ဇာတ်လမ်း ဇာတ်ကွက်တချို့သာ ကွဲပြားပါတယ်။)
📚 ၆ အုပ်တွဲ